HMD Global ဆိုတာကတော့ လက်ရှိအချိန်မှာ Nokia စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာကို လူတိုင်းသိကြမှာပါ။ HMD Global ကြောင့်လည်း အခုအချိန်မှာ Nokia စမတ်ဖုန်းတွေဟာ Android ဖုန်းဈေးကွက်မှာ ပြန်ပြီး ခေါင်းမော့လာနိုင်တာဆိုရင်လည်း မမှားပါဘူး။

Nokia ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်းမှာတင် စမတ်ဖုန်းအလုံးရေ ၄.၄ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီးတော့ ဒီပမာဏဟာဆိုရင် HTC ၊ OnePlus ၊ Google ၊ Sony နဲ့ Lenovo စမတ်ဖုန်းတွေထက် ပိုပြီး များပြားတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Nokia ဟာ သူရဲ့ စမတ်ဖုန်းတွေကို Pure Android ကိုပဲ အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပြန်တဲ့အတွက် လက်ရှိအချိန်မှာ Android Update အမြန်ဆန်ဆုံးစမတ်ဖုန်းတွေလည်း ဖြစ်လာပါတယ်။

အခုလိုမျိုး အကုန်လုံးက အကောင်းဘက်ကိုပဲ သွားနေတဲ့အချိန်မှာ Nokia အနေနဲ့ လာမယ့်အနာဂတ်မှာလည်း အခုလိုမျိုး အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ လိုအပ်လာပါတယ်။

အဲ့ဒီအတွက် HMD Global ဟာ အခုအချိန်မှာ Nokia စမတ်ဖုန်းတွေကို ထပ်မံထုတ်လုပ်နိုင်ဖို့အတွက် နောက်ထပ် ဒေါ်လာ သန်း ၁၀၀ မတည်ငွေရရှိသွားတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ Nokia ဟာ ပြီးခဲ့တဲ့ နှစ်မှာတင် စမတ်ဖုန်းအလုံးရေ သန်း ၇၀ ကျော်ရောင်းချခဲ့ရတဲ့အတွက် အခုနှစ်ကိုလည်း ပိုပြီး ထုတ်လုပ်နိုင်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အခု Nokia ကို ရင်းနှီးမြုပ်နှံ့တဲ့သူတွေထဲမှာ Foxconn ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ FIH Mobile ၊ DMJ Asisa Investment Opportunity တွေပါဝင်တယ်လို့ သိရပါတယ်။