Huawei ရဲ့ Brand အခွဲ တစ်ခု ဖြစ်တဲ့ Honor အနေနဲ့ ဂိမ်းမင်းပိုင်းမှာ အဓိက အသားပေးထားတဲ့ Honor Play စမတ်ဖုန်း ကို ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်နိုင်ငံ အတွင်းမှာ စတင် မိတ်ဆက် ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ တရားဝင် ရောင်းချခဲ့ခြင်းတော့ မရှိသေးပါဘူး။ အခုအခါမှာတော့ Honor Play ကို ဒီဇိုင်းပိုင်းမှာ အနည်းငယ် ပြုပြင် မွမ်းမံထားတဲ့ Honor Play Special Edition ကို သြဂုတ်လ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ အတွင်းမှာ စတင် ရောင်းချသွားမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပြီ ဖြစ်ပါတယ်။

Honor Play နဲ့ Honor Play Special Edition မှာ အဓိက ကွဲပြားခြားနား သွားတာကတော့ ဒီဇိုင်းပိုင်းပဲ ဖြစ်ပါတယ်။ Honor ကတော့ အသစ် မိတ်ဆက် ပေးလိုက်တဲ့ Honor Play Special Edition မှာ အသုံးပြုထားတဲ့ ဒီဇိုင်း ကို Laser Engraved Design လို့ အမည် ပေးထားပါတယ်။ Honor Play Special Edition ရဲ့ ကျောဘက်မှာ လှပတဲ့ ဂျီသြမေတြီလိုင်းလေးတွေ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာ နဲ့ Fingerprint Scanner ရဲ့ ဘေးဘောင်တွေ အတွက်ကိုလည်း အနီရောင် အသုံးပြု ပေးထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Honor Play Special Edition မှာ ၆.၃ လက်မ အရွယ်အစားရှိ (1080 x 2340 Pixel) Resolution Full HD LCD Display ကို အသုံးပြု ထားပါတယ်။ 19.5:9 Aspect Ratio ကို အသုံးပြု ထားတာကြောင့် ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပြီး Notch လေး ကို Honor Play ရဲ့ ထိပ်ပိုင်းနားမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Huawei ရဲ့ Flagship Processor Kirin 970 Chipset ကို အသုံးပြု ပေးထားပါတယ်။ Honor Play Special Ediiton မှာ RAM အနေနဲ့ 6GB၊ Internal Storage 64GB ပါဝင်မှာ ဖြစ်ပြီး Storage Space မလုံလောက်ရင်လည်း microSD Card Slot ကနေ တစ်ဆင့် ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ AI Features တွေ ပါဝင်တဲ့ 16MP + 2MP Dual Rear Camera Setup ကို မြင်တွေ့ရမှာ ဖြစ်ပြီး Selfie ပိုင်းမှာတော့ 16MP Front Camera ကို အသုံးပြု ထားပါတယ်။ Honor Play Special Edition မှာ 3750 mAh ဘက်ထရီ ကို အသုံးပြု ပေးထားတာကြောင့် တစ်နေ့တာလုံး အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Operating System ပိုင်းမှာတော့ Android 8.1 Oreo ကို အခြေခံထားတဲ့ EMUI 8.2 ကို အသုံးပြု ထားပါတယ်။

Honor Play Special Edition ကို Red၊ Magic Night Black စတဲ့ အရောင်နှစ်မျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး သြဂုတ်လ ၁ရက်နေ့က စတင်ကာ တရုတ်နိုင်ငံ အတွင်းမှာ ကန်ဒေါ်လာ ၃၆၆ ဒေါ်လာ (မြန်မာငွေ ၅သိန်း ၁သောင်း ဝန်းကျင်) နဲ့ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China