အခုအခ်ိန္ကေတာ့ Huawei ဟာ အေမရိကန္အပါအဝင္ ဥေရာပေဈးကြက္အခ်ိဳ႕ကို ဝင္ေရာက္ႏိုင္ဖို႔ ျပႆနာ အႀကီးႀကီးေတြ႕ေနရတယ္ဆိုတာ အားလုံးလည္းသိၾကပါတယ္။ ZTE ကလည္း အလားတူ ျပႆနာေတာ့ ရွိေနတာပါ။ ဒါေပမယ့္ Huawei ရဲ႕ ျပႆနာက အေတာ္ေလးကို ႀကီးမားၿပီး ခ်ာလပတ္လည္ေနတာ ျဖစ္ပါတယ္။
လုံၿခဳံေရးျပႆနာေၾကာင့္ Huawei ပစၥည္းေတြကို အေမရိကန္က တားျမစ္လိုက္တုန္းက ဒီေလာက္ထိ ျပႆနာ မႀကီးေသးပါဘူး။ ဒါေပမယ့္ အေမရိကန္နဲ႔ မိတ္ဖက္ ဓနသဟာရႏိုင္ငံေတြကပါ Huawei ပစၥည္းေတြ အသုံးမျပဳဖို႔တားျမစ္လိုက္ေတာ့ ျပႆနာက ႀကီးသြားပါတယ္။ ဒီအခ်ိန္မွာ Huawei CFO ရဲ႕ အမႈကိစၥကလည္း ဘူးေလးရာ ဖ႐ုံဆင့္ ဆိုသလို ျဖစ္ခဲ့ရပါေတာ့တယ္။
အဓိက ျပႆနာရဲ႕ ရင္းျမစ္ကေတာ့ လြယ္လြယ္သိႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သတင္းေတြမွာ လုံၿခဳံေရးဆိုင္ရာ ျပႆနာဆိုတာေလာက္ပဲ အေပၚယံသေဘာမ်ိဳး ေဖာ္ျပလို႔ ရၾကတာပါ။ အခုလက္ရွိ Huawei ပစၥည္းေတြကို တားျမစ္လိုက္တဲ့ ႏိုင္ငံေတြက ထုတ္ျပန္ခ်က္ေတြကလည္း လုံၿခဳံေရးပိုင္းဆိုင္ရာ ဆိုတဲ့ေခါင္းစဥ္ပဲ တပ္ၾကတာပါ။ သူတို႔အားလုံးရဲ႕ စိုးရိမ္မႈက Huawei ဟာ တ႐ုတ္ႏိုင္ငံအတြက္ အနည္းနဲ႔ အမ်ားေတာ့ Proxy ျဖစ္ခဲ့တယ္ဆိုတာပါပဲ။
အဓိက ျပႆနာက အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ ကုန္သြယ္ေရးစစ္ပြဲလို႔ ေခါင္းစဥ္တပ္ထားေပမယ့္ ဒီေနာက္ကြယ္မွာရွိေနတာက ႏိုင္ငံေရး ေျခရႈပ္မႈေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ႏွစ္ဘက္စလုံးကေတာ့ ႏိုင္ငံေရးကို ခုတုံးလုပ္ၿပီး စီးပြားေရးအျမတ္ထုတ္ခ်င္ၾကသလို၊ စီးပြားေရးကို ခုတုံးလုပ္ၿပီးေတာ့လည္း ႏိုင္ငံေရးအျမတ္ထုတ္ခ်င္ၾကသူ ေတြခ်ည္းပါပဲ။
Huawei ကို အေမရိကန္က ပိတ္ပင္စတုန္းက Huawei ဟာ အေမရိကန္ရဲ႕ 5G နည္းပညာနဲ႔ ပတ္သက္ၿပီး ၿခိမ္းေျခာက္တဲ့ သေဘာေဆာင္တဲ့ စကားအခ်ိဳ႕ ေျပာခဲ့ဖူးပါေသးတယ္။ အေမရိကန္အေနနဲ႔ 5G နည္းပညာပိုင္းဆိုင္ရာမွာ အနည္းငယ္ ေနာက္က်ေကာင္း ေနာက္က်သြားႏိုင္ပါတယ္။ ဒါေပမယ့္ လုံးဝ နည္းလမ္းမရွိတာေတာ့ မဟုတ္ပါဘူး။ ၂၀၁၉ ဟာ 5G ေခတ္သစ္ စမယ့္ႏွစ္ျဖစ္ေပမယ့္ ေဈးကြက္အားျဖင့္ေတာ့ နတ္ေရကန္ထဲခ်လိုက္သလို ႐ုတ္ခ်ည္းဆိုသလို ႀကီးထြားသြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အေမရိကန္က Huawei CFO ကို ထိမ္းသိမ္းလိုက္တာလို႔ သုံးသပ္ရပါတယ္။
Huawei CFO မုန႔္ဝမ့္က်ိဳးကို ဖမ္းဆီးခဲ့တာနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ သေဘာထားကေတာ့ ရွင္းပါတယ္။ မုန႔္ဝမ့္က်ိဳးအေနနဲ႔ ဒီလို အဖမ္းမခံသင့္ဘူး ဆိုတဲ့ ရပ္တည္ခ်က္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ အီရန္နဲ႔ အေရာင္းအဝယ္လုပ္ေနတာ Huawei ကုမၸဏီတစ္ခုတည္း မဟုတ္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ျဖစ္ပါတယ္။ ဒါေပမယ့္ Huawei က ဘယ္လိုအေရာင္းအဝယ္ လုပ္ခဲ့သလဲဆိုတဲ့ ေမးခြန္းက အေျဖမသိရေသးပါဘူး။ ဟန္းဆက္ အေရာင္းအဝယ္နဲ႔ နည္းပညာအေရာင္းအဝယ္ မတူညီတဲ့အတြက္ ျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံအေနနဲ႔ နာလိုခံျပင္းျဖစ္ရတာက Huawei ဆိုတာ တ႐ုတ္ႏိုင္ငံကိုယ္စားျပဳ နည္းပညာလုပ္ငန္းႀကီး ျဖစ္ေနလို႔ပါပဲ။ ဒါ့အျပင္ တ႐ုတ္အစိုးရနဲ႔ ဘယ္ေလာက္ထိ ဆက္ႏြယ္မႈရွိေနတယ္ဆိုတဲ့ အတိမ္အနက္ေၾကာင့္ ဒီကုန္သြယ္ေရးစစ္ပြဲမွာ ဦးဆုံး ဓါးစာခံ ျဖစ္သြားရတာလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ဒီကိစၥမွာ Five Eyes လို႔ သိထားၾကတဲ့ (U.S., U.K., Canada, Australia, New Zealand — အတိုေကာက္ FVEY) ဒီငါးႏိုင္ငံလုံးရဲ႕ ဆန႔္က်င္မႈကေတာ့ တ႐ုတ္ႏိုင္ငံအတြက္ ႏိုင္ငံေရးအရ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ လို႔ဆိုရမွာပါ။ Huawei အတြက္ကေတာ့ အခုအခ်ိန္ထိ ဆက္လက္ လက္တြဲလုပ္ေဆာင္ေနတဲ့ အဓိက Carriers ႀကီးေတြ ၂၀ ေလာက္ ရွိေနေသးတယ္လို႔ သိရပါတယ္။ အခုေတာင္ ယူေကရဲ႕ လီဗာပူးလ္မွာ Huawei ရဲ႕ လုပ္ငန္းေတြ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။
ေရရွည္မွာေတာ့ 5G ကြန္ရက္နဲ႔ နည္းပညာကို ႏိုင္ငံတိုင္းလိုလိုက ပိုင္ဆိုင္လာၾကမွာပဲ ျဖစ္ပါတယ္။ အေမရိကန္အေနနဲ႔ ဒီနည္းပညာအတြက္ Huawei တစ္ခုတည္းကိုပဲ မွီခိုအားထားေနမွာမဟုတ္တာေတာ့ အသိသာႀကီးပဲ ျဖစ္ပါတယ္။ Huawei အေနနဲ႔လည္း အေမရိကန္ေဈးကြက္ တစ္ခုတည္းနဲ႔ ရပ္တည္ေနတာ မဟုတ္ပါဘူး။ စီးပြားေရးမွာ တစ္ဘက္ကို လုံးဝၿပိဳလဲသြားေအာင္ တိုက္ခိုက္တဲ့ ေခတ္မဟုတ္ေတာ့တဲ့အတြက္ ကန႔္သတ္ခ်က္ေတြနဲ႔ ျပန္လည္အသက္ဝင္လာဖြယ္ ရွိပါတယ္။
ဒါေပမယ့္ Huawei အေနနဲ႔ အေမရိကန္ေဈးကြက္မွာ ျပန္လည္ေျခခ်ႏိုင္ဖို႔ကအနည္းငယ္ ရႈပ္ေထြးပါလိမ့္မယ္။ စီးပြားေရးသက္သက္မဟုတ္ဘဲ ႏိုင္ငံေရးကိစၥရပ္ေတြပါ ေရာေထြးေနတာေၾကာင့္ တ႐ုတ္အစိုးရနဲ႔ အေမရိကန္အစိုးရတို႔ရဲ႕ ညႇိႏႈိင္းမႈေပၚမွာ မူတည္ၿပီး ထြက္လာတဲ့ အေျဖကို ေစာင့္ဆိုင္းရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ အေမရိကန္အပါအဝင္ အျခားႏိုင္ငံေတြ သံသယျဖစ္ေနတဲ့ ကိစၥကို ေျပလည္ေအာင္ ေျဖရွင္းဖို႔လိုအပ္ေနတာလည္း ျဖစ္ပါတယ္။
Ref: Android Authority
အခုအချိန်ကတော့ Huawei ဟာ အမေရိကန်အပါအဝင် ဥရောပဈေးကွက်အချို့ကို ဝင်ရောက်နိုင်ဖို့ ပြဿနာ အကြီးကြီးတွေ့နေရတယ်ဆိုတာ အားလုံးလည်းသိကြပါတယ်။ ZTE ကလည်း အလားတူ ပြဿနာတော့ ရှိနေတာပါ။ ဒါပေမယ့် Huawei ရဲ့ ပြဿနာက အတော်လေးကို ကြီးမားပြီး ချာလပတ်လည်နေတာ ဖြစ်ပါတယ်။
လုံခြုံရေးပြဿနာကြောင့် Huawei ပစ္စည်းတွေကို အမေရိကန်က တားမြစ်လိုက်တုန်းက ဒီလောက်ထိ ပြဿနာ မကြီးသေးပါဘူး။ ဒါပေမယ့် အမေရိကန်နဲ့ မိတ်ဖက် ဓနသဟာရနိုင်ငံတွေကပါ Huawei ပစ္စည်းတွေ အသုံးမပြုဖို့တားမြစ်လိုက်တော့ ပြဿနာက ကြီးသွားပါတယ်။ ဒီအချိန်မှာ Huawei CFO ရဲ့ အမှုကိစ္စကလည်း ဘူးလေးရာ ဖရုံဆင့် ဆိုသလို ဖြစ်ခဲ့ရပါတော့တယ်။
အဓိက ပြဿနာရဲ့ ရင်းမြစ်ကတော့ လွယ်လွယ်သိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သတင်းတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာဆိုတာလောက်ပဲ အပေါ်ယံသဘောမျိုး ဖော်ပြလို့ ရကြတာပါ။ အခုလက်ရှိ Huawei ပစ္စည်းတွေကို တားမြစ်လိုက်တဲ့ နိုင်ငံတွေက ထုတ်ပြန်ချက်တွေကလည်း လုံခြုံရေးပိုင်းဆိုင်ရာ ဆိုတဲ့ခေါင်းစဉ်ပဲ တပ်ကြတာပါ။ သူတို့အားလုံးရဲ့ စိုးရိမ်မှုက Huawei ဟာ တရုတ်နိုင်ငံအတွက် အနည်းနဲ့ အများတော့ Proxy ဖြစ်ခဲ့တယ်ဆိုတာပါပဲ။
အဓိက ပြဿနာက အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲလို့ ခေါင်းစဉ်တပ်ထားပေမယ့် ဒီနောက်ကွယ်မှာရှိနေတာက နိုင်ငံရေး ခြေရှုပ်မှုတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နှစ်ဘက်စလုံးကတော့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး စီးပွားရေးအမြတ်ထုတ်ချင်ကြသလို၊ စီးပွားရေးကို ခုတုံးလုပ်ပြီးတော့လည်း နိုင်ငံရေးအမြတ်ထုတ်ချင်ကြသူ တွေချည်းပါပဲ။
Huawei ကို အမေရိကန်က ပိတ်ပင်စတုန်းက Huawei ဟာ အမေရိကန်ရဲ့ 5G နည်းပညာနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တဲ့ သဘောဆောင်တဲ့ စကားအချို့ ပြောခဲ့ဖူးပါသေးတယ်။ အမေရိကန်အနေနဲ့ 5G နည်းပညာပိုင်းဆိုင်ရာမှာ အနည်းငယ် နောက်ကျကောင်း နောက်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် လုံးဝ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး။ ၂၀၁၉ ဟာ 5G ခေတ်သစ် စမယ့်နှစ်ဖြစ်ပေမယ့် ဈေးကွက်အားဖြင့်တော့ နတ်ရေကန်ထဲချလိုက်သလို ရုတ်ချည်းဆိုသလို ကြီးထွားသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်က Huawei CFO ကို ထိမ်းသိမ်းလိုက်တာလို့ သုံးသပ်ရပါတယ်။
Huawei CFO မုန့်ဝမ့်ကျိုးကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားကတော့ ရှင်းပါတယ်။ မုန့်ဝမ့်ကျိုးအနေနဲ့ ဒီလို အဖမ်းမခံသင့်ဘူး ဆိုတဲ့ ရပ်တည်ချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အီရန်နဲ့ အရောင်းအဝယ်လုပ်နေတာ Huawei ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် Huawei က ဘယ်လိုအရောင်းအဝယ် လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းက အဖြေမသိရသေးပါဘူး။ ဟန်းဆက် အရောင်းအဝယ်နဲ့ နည်းပညာအရောင်းအဝယ် မတူညီတဲ့အတွက် ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နာလိုခံပြင်းဖြစ်ရတာက Huawei ဆိုတာ တရုတ်နိုင်ငံကိုယ်စားပြု နည်းပညာလုပ်ငန်းကြီး ဖြစ်နေလို့ပါပဲ။ ဒါ့အပြင် တရုတ်အစိုးရနဲ့ ဘယ်လောက်ထိ ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့ အတိမ်အနက်ကြောင့် ဒီကုန်သွယ်ရေးစစ်ပွဲမှာ ဦးဆုံး ဓါးစာခံ ဖြစ်သွားရတာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ Five Eyes လို့ သိထားကြတဲ့ (U.S., U.K., Canada, Australia, New Zealand — အတိုကောက် FVEY) ဒီငါးနိုင်ငံလုံးရဲ့ ဆန့်ကျင်မှုကတော့ တရုတ်နိုင်ငံအတွက် နိုင်ငံရေးအရ ကြီးမားတဲ့ ထိုးနှက်ချက် လို့ဆိုရမှာပါ။ Huawei အတွက်ကတော့ အခုအချိန်ထိ ဆက်လက် လက်တွဲလုပ်ဆောင်နေတဲ့ အဓိက Carriers ကြီးတွေ ၂၀ လောက် ရှိနေသေးတယ်လို့ သိရပါတယ်။ အခုတောင် ယူကေရဲ့ လီဗာပူးလ်မှာ Huawei ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ရေရှည်မှာတော့ 5G ကွန်ရက်နဲ့ နည်းပညာကို နိုင်ငံတိုင်းလိုလိုက ပိုင်ဆိုင်လာကြမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီနည်းပညာအတွက် Huawei တစ်ခုတည်းကိုပဲ မှီခိုအားထားနေမှာမဟုတ်တာတော့ အသိသာကြီးပဲ ဖြစ်ပါတယ်။ Huawei အနေနဲ့လည်း အမေရိကန်ဈေးကွက် တစ်ခုတည်းနဲ့ ရပ်တည်နေတာ မဟုတ်ပါဘူး။ စီးပွားရေးမှာ တစ်ဘက်ကို လုံးဝပြိုလဲသွားအောင် တိုက်ခိုက်တဲ့ ခေတ်မဟုတ်တော့တဲ့အတွက် ကန့်သတ်ချက်တွေနဲ့ ပြန်လည်အသက်ဝင်လာဖွယ် ရှိပါတယ်။
ဒါပေမယ့် Huawei အနေနဲ့ အမေရိကန်ဈေးကွက်မှာ ပြန်လည်ခြေချနိုင်ဖို့ကအနည်းငယ် ရှုပ်ထွေးပါလိမ့်မယ်။ စီးပွားရေးသက်သက်မဟုတ်ဘဲ နိုင်ငံရေးကိစ္စရပ်တွေပါ ရောထွေးနေတာကြောင့် တရုတ်အစိုးရနဲ့ အမေရိကန်အစိုးရတို့ရဲ့ ညှိနှိုင်းမှုပေါ်မှာ မူတည်ပြီး ထွက်လာတဲ့ အဖြေကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အပါအဝင် အခြားနိုင်ငံတွေ သံသယဖြစ်နေတဲ့ ကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။
Ref: Android Authority