လူတိုင်း ကိုယ့် Smartphone ကိုယ်အားသွင်းတက်ကြပါတယ်။ Plug လေးတပ်ပြီး 100% ထိပစ်ထားလိုက်တာပေါ့။ ဒါပေမယ့် ဘယ်လို သေချာအားသွင်းရမယ်ဆိုတာ သိတဲ့သူရှားပါတယ်။
Smartphone Battery တွေက သဘောတရားအားဖြင့် ဖွဲ့စည်းပုံအတူတူပါပဲ။ အဲ့တော့ အားသွင်းတဲ့နေရာမှာလည်း နည်းလမ်းကွဲလွဲသွားတာမျိုးမရှိပဲ အတူတူပါပဲ။ Smartphone တစ်လုံးကို အားသွင်းတဲ့နေရာမှာ ပထမဆုံးအချက်အနေနဲ့ Charger တုံးနဲ့ အားသွင်းကြိုး ကိုသေချာရွေးချယ်ပါ။ ကိုယ်ဖုန်းမှာ တစ်ခါတည်းပါလာတဲ့ Charger တုံးတွေ Cable တွေက အကောင်းဆုံးပါပဲ။
USB Type B နဲ့ Type C မှာ Type C ခေါင်းတွေက နောက်ဆုံးထွက် အားသွင်းမြန်စနစ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် Type C ပါတိုင်းလည်း အားသွင်းမြန်တဲ့စနစ်မပါဝင်နိုင်ပါဘူး။
ဒုတိယအချက်အနေနဲ့ ကိုယ့်ဖုန်းကို အားသွင်းနေစဉ်နေတုန်းမှာ ဖုန်းရဲ့ Body Cover တွေတပ်ထားရင် ဖြုတ်ထားပါ။ အားသွင်းနေတုန်းမှာ အပူချိန်မြင့်လာနိုင်တဲ့ အတွက် ဖုန်းအတွင်းပိုင်းက အပူချိန်က အပြင်ကို မထုတ်နိုင်ပဲ အပူလွန်ကဲလာပြီး ဖုန်းရဲ့ Battery အပြင် Camera Sensor တွေကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် အားသွင်းမြန်တဲ့စနစ်ပါတဲ့ ဖုန်းတွေဆိုရင် ပိုသတိထားသင့်ပါတယ်။ အားသွင်းမြန်စနစ်ပါရင် ပိုပြီး အပူချိန်တက်လာနိုင်လို့ပါ။
နောက်ဆုံးတစ်ချက်အနေနဲ့ ဖုန်းအားကို အပြည့်မသွင်းပဲ 85% ကနေ 90% ကြားသက်မှတ်ပြီးသွင်းတာက မိမိ Smartphone ရဲ့ Battery Lifespan ကိုကြာရှည်ခံစေမှာပါ။ နောက်ပြီး အားသွင်းတဲ့ နေရာမှာ နားနားပြီးသွင်းနိုင်ရင်အကောင်းဆုံးပါပဲ။ ဥပမာ- 50% ထိသွင်းပြီးရင် တစ်မိနစ်လောက် ခန ဖြုတ်ထားလိုက်ပါ။ ပြီးမှ ဆက်သွင်းပါ။ အဲ့လိုလုပ်ခြင်းအားဖြင့် Smartphone ကို Overheated မဖြစ်စေပဲ ပိုပြီးလည်း အားခံစေပါတယ်။
Smartphone Battery ရဲ့ သက်တမ်း Lifespan ကြာရှည်ခံစေဖို့အတွက် ရှောင်ကြဉ်ရမယ့် အချက်တွေကတော့ ဖုန်းကို နေရောင်အောက်မှာ အကြာကြီးသုံးတာမျိုးကိုရှောင်ပါ။ Flash Light တွေအကြာကြီးဖွင့်ထားတာမျိုးနဲ့ Brightness ကိုအဆုံးထိတင်ပြီး အချိန်ကြာမြင့်စွာ ဂိမ်းကစားတာမျိုးရှောင်ကြဉ်ပါ။
ကိုယ်က Heavy Mobile Gamer တစ်ယောက်ဆိုရင်တော့ ပန်ကာလေးတွေပါတဲ့ Mobile Game Pad လေးတွေဝယ်ထားသင့်ပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ အားသွင်းနေတုန်း Battery အသုံးကြမ်းတဲ့ Application နဲ့ Game တွေဆော့တာကိုရှောင်ကြဉ်ပါ။
Facebook ကြည့်တာ နဲ့ Normal Web Browsing လုပ်တာတွေက ကိစ္စမရှိပေမယ့် Youtube အကြာကြီးကြည့်တာမျိုး PUBG လို Power အရမ်းဆွဲတဲ့ Game တွေဆော့ရင်တော့ အားဝင်တဲ့ နှုန်းထက် အားကုန်တဲ့နှုန်းက ပိုများနေတဲ့ အတွက် ဖုန်း Battery ကိုထိခိုက်ပြီး လပိုင်းအတွင်းမှာပဲ ဖုန်း Battery တွေဖောင်းလာနိုင်ပါတယ်။
ဒီအချက်လေးတွေကို သိပြီးရင်တော့ Smartphone တွေကို ဘယ်လိုသေသေချာချာအားသွင်းရမလဲဆိုတာသင်သိသွားပါပြီ။