အွန်လိုင်းက အရည်အသွေးမြင့်တဲ့ Video တွေ ကြည့်ဖို့အတွက် အမြန်နှုန်းကောင်းတဲ့ အင်တာနက်လိုင်း လိုအပ်ပါတယ်။ အဲဒီအတွက် သင့် အင်တာနက်လိုင်းဟာ 4K Video တွေ ကြည့်လို့ရသလားဆိုတာ စစ်ဆေးနည်းကို ပြောပြချင်ပါတယ်။

4K Video တွေကြည့်ဖို့ဆိုရင် အင်တာနက်လိုင်းဟာ တည်ငြိမ်မှုနဲ့ အမြန်နှုန်း ကောင်းဖို့ လိုအပ်ပါတယ်။ လိုင်းမကောင်းဘဲနဲ့ 4K Video တွေကြည့်ရင် ထစ်နေမှာပါ။ သင့် အင်တာနက်လိုင်းဟာ 4K Video တွေ ကြည့်လို့ရသလားဆိုတာ Ookla ရဲ့ Speedtest App ကို အသုံးပြုပြီး စစ်ဆေးလို့ရပါတယ်။

Download Speedtest By Ookla 

Android

iOS 

  1. Speedtest App ကို သင့် Android or iOS Device မှာ အင်စတောလုပ်ပါ။
  2. App ကို ဖွင်ပြီး သင့် Location ကို Access လုပ်ခွင့်ပေးပါ။ “While using the app “ Option ကို ရွေးတာ ကောင်းပါတယ်။
  3. Video Tab ကို သွားပါ။
  4. စမ်းသပ်ဖို့အတွက် အရွယ်ကြီး Video Icon ကို နှိပ်ပါ။

စက္ကန့်ပိုင်းအတွင်းမှာပဲ စမ်းသပ်တဲ့ အဖြေထွက်လာမှာ ဖြစ်ပြီး App က သင့် အင်တာနက်လိုင်းမှာ အမြင့်ဆုံး ကြည့်ရှုနိုင်တဲ့ Video Resolution ကို ဖော်ပြပေးမှာပါ။ ဒါ့အပြင် အဲဒီ Video Resolution နဲ့ ကြည့်နိုင်တဲ့ Device အမျိုးအစားတွေကိုပါ ပြသပေးပါတယ်။

အင်တာနက် အမြန်နှုန်း တိုင်းတာပေးတဲ့ App များစွာ ရှိတဲ့အထဲကမှ Ookla ရဲ့ Speedtest App က တော်တော်တိကျတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ App မှာ သင့် အင်တာနက်လိုင်းနဲ့ ကြည့်နိုင်တဲ့ Video အရည်အသွေးကို စစ်ဆေးပေးတာက တော်တော် အသုံးဝင်ပါတယ်။

Ref : makeuseof