YouTube Video တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းကို သူငယ်ချင်းတွေနဲ့ မျှဝေချင်ရင် အဲဒီ Video ကို Clip လုပ်လိုက်တာ အကောင်းဆုံး နည်းလမ်းပါ။ သူငယ်ချင်းတွေကို ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်း ကြည့်ပါလို့ ပြောနေစရာ မလိုတော့ဘဲ Clip ကိုပဲ ကြည့်ခိုင်းလိုက်ရုံပါပဲ။ သင် ဖန်တီးထားတဲ့ Clip ကို လူမှုကွန်ရက်တွေ၊ မက်ဆင်ဂျာတွေကနေ မျှဝေနိုင်ပါတယ်။

YouTube က Clip တွေဖန်တီးနိုင်တဲ့ နည်းလမ်းကို ပံ့ပိုးပေးထားပြီး ၅ စက္ကန့်ကနေ စက္ကန့် ၆၀ အတွင်း Clip တွေ ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့ Clip တွေကို Library မှာ သိမ်းထားပေးပြီး တခြား သူတွေနဲ့ အချိန်မရွေး မျှဝေနိုင်ပါတယ်။

လက်ရှိမှာ YouTube Clip လုပ်ဆောင်ချက်ကို Creators တချို့မှာပဲ ရပါသေးတယ်။ မကြာခင်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တော့မယ်လို့ ထင်ပါတယ်။ Clip Feature ဟာ Creator တွေအတွက် ဖြစ်ပြီး သာမာန် User တွေ သုံးလို့မရပါဘူး။

အောက်ဖော်ပြပါ နည်းလမ်းကို Desktop နဲ့ Android ၂ ခုစလုံးမှာ သုံးနိုင်ပါတယ်။ iOS Device မှာတော့ သုံးလို့ မရသေးပါဘူး။

၁။ YouTube ကို Sign In ဝင်ပါ။

၂။ Clip လုပ်ချင်တဲ့ သင့်ရဲ့ Video ဆီသွားပါ။

၃။ Video အောက်က Clip ကို နှိပ်ပါ။

၄။ နာမည်ပေးပါ။

၅။ Clip အတွက် Start & End Time ကို သတ်မှတ်ပါ။ နောက်တစ်နည်းက Timeline မှာ Blue Bar ကို Drag & Drop လုပ်ပါ။

၆။ Clip လုပ်ပြီးရင် မျှဝေဖို့ Share Clip ကို နှိပ်ပါ။

၇။ မျှဝေချင်တဲ့ လူမှုကွန်ရက် ပလက်ဖောင်းကို ရွေးပါ။ ဒါမှမဟုတ် Clip ရဲ့ လင့်ကို ကော်ပီလုပ်ပြီး မက်ဆင်ဂျာ၊ အီးမေး ကနေ မျှဝေပါ။

တစ်စုံတစ်ယောက်က သင့်ရဲ့ Clip ကို ကြည့်ရင် Loop အနေနဲ့ ပြသပေးမှာပါ။ သူတို့က တခြား တစ်ယောက်ဆီ သင့်ရဲ့ Clip ကို ထပ်ဆင့် မျှဝေနိုင်သလို မူရင်း Video ကို ကြည့်ဖို့ Watch Full Video ကို ရွေးချယ်နိုင်ပါတယ်။

သင် ဖန်တီးထားတဲ့ Clip တွေကို Library> Your Clips ထဲမှာ ကြည့်နိုင်ပါတယ်။ Clip တွေရဲ့ ဘေးက အစက်သုံးစက် မီနူးကို နှိပ်ပြီး Share , Delete Clip စတာတွေ ပြုလုပ်နိုင်ပါတယ်။

YouTube Clip လုပ်ဆောင်ချက်ဟာ Video ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ မျှဝေချင်သူတွေအတွက် အဆင်ပြေပါတယ်။ အထူးသဖြင့် ရှည်လျားတဲ့ Video တွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်းကိုပဲ ပြဖို့ အသုံးဝင်ပါတယ်။

Ref : makeuseof