YouTube က Creator တွေအတွက် မှတ်မိရလွယ်ကူစေတဲ့ Custom URL တွေ ဖန်တီးဖို့ ပြုလုပ်ပေးထားပါတယ်။ YouTube မှာ Channel ၁ ခု ဖန်တီးလိုက်ရင် ဂဏန်းနဲ့ အက္ခရာတွေပါတဲ့ URL ၁ ခုကို Random သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီ URL က ရှုပ်ထွေးပြီး မှတ်သားဖို့ခက်ခဲပါတယ်။ အဲဒီအတွက် Custom URL တွေက ပိုအဆင်ပြေပါတယ်။
Custom URL ဖန်တီးဖို့ လိုအပ်ချက်များ
- သင့် အကောင့်မှာ Subscriber အနည်းဆုံး ၁၀၀ ရှိရပါမယ်။
- အကောင့်ဟာ အနည်းဆုံး သက်တမ်း ရက်ပေါင်း ၃၀ ရှိရပါမယ်။
- Profile Picture တင်ထားရပါမယ်။
- Banner Picture တင်ထားရပါမယ်။
Custom URL ဖန်တီးနည်း
- YouTube Studio ကို ဖွင့်ပြီး Customization ကို နှိပ်ပါ။
- Basic Info ထဲသွားပါ။
- Set a custom URL for your channel ကို နှိပ်ပါ။
- သင်နှစ်သက်တဲ့ Custom URL ရိုက်ပေးပါ။
- Publish ကို နှိပ်ပြီး Confirm လုပ်ပေးပါ။
Confirm လုပ်ပြီးရင် Edit လုပ်လို့ မရတော့ပါဘူး။ နောက်ပိုင်းမှာ URL ပြောင်းချင်ရင် အသစ်တောင်းလို့ ရပါတယ်။ သင့် နောက်ထပ် Channel ၁ ခုအတွက်လည်း အဲဒီ URL ကို အသုံးပြုလို့ မရပါဘူး။
Ref : makeuseof