YouTube က Creator တွေအတွက် မှတ်မိရလွယ်ကူစေတဲ့ Custom URL တွေ ဖန်တီးဖို့ ပြုလုပ်ပေးထားပါတယ်။ YouTube မှာ Channel ၁ ခု ဖန်တီးလိုက်ရင် ဂဏန်းနဲ့ အက္ခရာတွေပါတဲ့ URL ၁ ခုကို Random သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီ URL က ရှုပ်ထွေးပြီး မှတ်သားဖို့ခက်ခဲပါတယ်။ အဲဒီအတွက် Custom URL တွေက ပိုအဆင်ပြေပါတယ်။

Custom URL ဖန်တီးဖို့ လိုအပ်ချက်များ

  • သင့် အကောင့်မှာ Subscriber အနည်းဆုံး ၁၀၀ ရှိရပါမယ်။
  • အကောင့်ဟာ အနည်းဆုံး သက်တမ်း ရက်ပေါင်း ၃၀ ရှိရပါမယ်။
  • Profile Picture တင်ထားရပါမယ်။
  • Banner Picture တင်ထားရပါမယ်။

Custom URL ဖန်တီးနည်း

  • YouTube Studio ကို ဖွင့်ပြီး Customization ကို နှိပ်ပါ။
  • Basic Info ထဲသွားပါ။
  • Set a custom URL for your channel ကို နှိပ်ပါ။
  • သင်နှစ်သက်တဲ့ Custom URL ရိုက်ပေးပါ။
  • Publish ကို နှိပ်ပြီး Confirm လုပ်ပေးပါ။

Confirm လုပ်ပြီးရင် Edit လုပ်လို့ မရတော့ပါဘူး။ နောက်ပိုင်းမှာ URL ပြောင်းချင်ရင် အသစ်တောင်းလို့ ရပါတယ်။ သင့် နောက်ထပ် Channel ၁ ခုအတွက်လည်း အဲဒီ URL ကို အသုံးပြုလို့ မရပါဘူး။

Ref : makeuseof