Mobile မှာ Facebook ပေါ်က ဗီဒီယိုကို Download ပြုလုပ်ပုံက Desktop နဲ့ လုံးဝကို ကွာခြားပါတယ်။ Mobile မှာ Facebook ပေါ်ကဗီဒီယိုကို Download ပြုလုပ်ဖို့အတွက် နည်းလမ်းများစွာရှိပြီး၊ Third party app သုံးရင်တော့ လွယ်လွယ်ကူကူ Download ပြုလုပ်နိုင်တာအမှန်ပါပဲ။ ဒါပေမဲ့ Third party app မသုံးချင်တဲ့သူတွေအတွက် အခုနည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။

Apps တွေမသုံးဘဲ လွယ်ကူရိုးရှင်းစွာနဲ့ Download လုပ်ချင်ရင်တော့ FBDown.net ဆိုတဲ့ Website ကို အသုံးပြုရပါမယ်။ Android ရော iOS မှာပါ အလုပ်ဖြစ်တဲ့ ဆိုက်ဖြစ်ပါတယ်။ ဒါပေမဲ့ iPhone ဒါမှမဟုတ် iPad နဲ့ဆိုရင်တော့ Firefox browser လိုအပ်ပါတယ်။ FBDown.net ဆိုက်ဟာ Safari မှာ အလုပ်မလုပ်ပါဘူး။
ခြွင်းချက်အနေနဲ့ မှတ်ထားစေချင်တာက အခုပြုလုပ်မဲ့နည်းလမ်းဟာ Publicly shared လုပ်ထားတဲ့ဗီဒီယိုတွေအတွက်ပဲ အလုပ်ဖြစ်တယ်ဆိုတာပါပဲ။

၁။ Download ပြုလုပ်ချင်တဲ့ဗီဒီယိုရဲ့ “Share” ကို နှိပ်ပါ။ (Share ဖို့မဟုတ်ပါဘူး)

၂။ Share now အောက်ကလိုင်းမှာ Copy Link ဆိုတဲ့ Icon ကို ရှာပြီး နှိပ်ပါ။

၃။ Mobile browser ကိုဖွင့်ပြီး www.fbdown.net ကို သွားပါ။ (iPhone, iPad တို့ဆိုရင် Firefox ကိုအသုံးပြုဖို့ မမေ့ပါနဲ့)

၄။ Copy Link ကိုနှိပ်ပြီး ယူလာတဲ့ URL ကို FBDOWN.net page အလယ်က Box ထဲမှာ Paste လုပ်ပြီး Download ကို နှိပ်ပါ။

၅။ နောက် Page မှာတော့ “Download Video in Normal Quality” နဲ့ “Download Video in HD Quality” ဆိုပြီးရွေးချယ်စရာ တွေ့ပါလိမ့်မယ်။ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

၆။ အဆင့် ၅ မှာ ရွေးချယ်အတည်ပြုပြီးပြီးဆိုရင် Facebook video ကိုပဲ ပြသထားတဲ့ နောက်ထပ် Page တစ်ခုပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ ဗီဒီယိုကို အချိန်ကြာကြာ (Long press) ဖိထားပါ။ ပြီးရင် “Download video” ကို နှိပ်လိုက်ပါ။

ဒီအဆင့်တွေလုပ်ပြီးရင် ဗီဒီယိုဖိုင်ကို စာဖတ်သူရဲ့ စမတ်ဖုန်းထဲကို Download ဆွဲပြီး သိမ်းဆည်းနေပြီပဲ ဖြစ်ပါတယ်။

Ref: tomsguide