ဖုန်း မြည်သံကြားတိုင်း သင့်ကို ဘယ်သူ ဖုန်းဆက်သလဲ ဆိုတာ သိချင်ကြမှာပါ။  စမတ်ဖုန်းတွေက သင် ဖုန်း မကိုင်ခင်မှာ ဖုန်းခေါ်သူရဲ့ နာမည်ကို အသံထွက်ပြောပြနိုင်ပါတယ်။ ဖုန်း Screen ကိုတောင် ကြည့်စရာ မလိုပါဘူး။ Google Phone App မှာ အဲဒီ လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။

Google Phone App မှာ “Caller ID Announcement” ဆိုတဲ့ လုပ်ဆောင်ချက် ၁ ခု ပါရှိပြီး Enable လုပ်ထားရင် ဖုန်းခေါ်သူရဲ့ နာမည်ကို အသံထွက် ပြောပြပေးနိုင်ပါတယ်။ Pixel စမတ်ဖုန်းတွေမှာ Google Phone App ကို ကြိုတင်ထည့်သွင်းပေးထားပြီး တခြား စမတ်ဖုန်းတွေမှာ ဒီလင့် ကနေ Install လုပ်နိုင်ပါတယ်။

Google Phone App ကို Install လုပ်ပြီးရင် Default Phone App အနေနဲ့ သတ်မှတ်ပေးရမှာပါ။ Install လုပ်တဲ့ အချိန်မှာ Default အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ တကယ်လို့ မသတ်မှတ်မိဘူးဆိုရင်လည်း Settings> Apps> Default Apps မှာ သတ်မှတ်နိုင်ပါတယ်။

ပြီးရင် Google Phone App ကို ဖွင့်ပြီး ညာဘက်အထက်က အစက်သုံးစက် ခလုတ်ကို နှိပ်ပါ။

Menu ကနေ Settings ထဲသွားပါ။

အောက်ကို ဆင်းပြီး “Caller ID Announcement” ကို နှိပ်ပါ။

Scroll down and select "Caller ID Announcement" from the settings.

“Announce Caller ID” မှာ Default အနေနဲ့ Never ကို ရွေးပေးထားပါတယ်။ အဲဒါကို  နှိပ်ပါ။

Pop-up ၁ ခုပေါ်လာပြီး Option ၃ ခု ပြသပေးမှာပါ။

Select one of the three choices.

  • Always : ဖုန်းဝင်လာတိုင်း ဖုန်းခေါ်သူ နာမည်ကို အမြဲ အသံထွက် ပြောပြမှာပါ။
  • Only when Using a Headset : Headset ဝတ်ဆင်ထားမှပဲ အသံထွက် ပြောပြမှာပါ။
  • Never : ဖုန်း ခေါ်သူ နာမည်ကို ဘယ်တော့မှ မပြောပြပါဘူး။

ဖုန်းဝင်လာတိုင်း ဖုန်း ခေါ်သူ နာမည်ကို ကြားချင်ရင် Always ကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က သင် ဖုန်းအနားမှာ မရှိတဲ့ အချိန်မှာ အသုံးဝင်ပါတယ်။

Ref : howtogeek