လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး Facebook ဟာ သူ့ရဲ့ပလက်ဖောင်းပေါ်မှာ Note အသစ်တွေပြုလုပ်ခွင့် မပြုတော့ဘဲရပ်တန့်ခဲ့ပါတယ်။ Published လုပ်ပြီးသား Note တွေဟာ Facebook မှာ ဆက်ရှိနေမှာဖြစ်ပြီး Published မလုပ်ရသေးတဲ့ Draft တွေကိုတော့ ဖျက်ပစ်လိုက်မယ်လို့ သတိပေးကြေညာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Facebook မှာ Note Feature ကို ရှာမတွေ့တော့ပါဘူး။ စာရေးဝါသနာပါသူ၊ စာဖတ်ဝါသနာပါသူတွေအတွက် Facebook Note တွေပျောက်ဆုံးသွားတာဟာ စိတ်ပျက်စရာဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် Note ထဲက စာမူတွေကို သီးသန့်မသိမ်းထားမိသူတွေအတွက် ရေစက်ချရတော့မလိုလို ဖြစ်နေခဲ့ပါတော့တယ်။

ဒါပေမဲ့ Facebook မှာ Published လုပ်ခဲ့ပြီးသား Note တွေက ဆက်ရှိနေပါသေးတယ်။ ဒီ Note တွေဆီပြန်သွားဖို့နည်းလမ်းတွေထဲကမှ အလွယ်ဆုံးလို့ဆိုနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ (လွယ်တယ်ဆိုပေမဲ့ နည်းနည်းတော့ စိတ်ရှည်ရပါမယ်။)

၁။ https://www.facebook.com ကိုသွားပြီး Sign in လုပ်ပါ။

၂။ အပေါ်ညာဘက်ထောင့်မှာရှိတဲ့ တြိဂံဇောက်ထိုးပုံစံလေးကိုနှိပ်ပြီး စက်သွားပုံစံ Settings & Privacy ထဲကို ဝင်ပါ။

၃။ Activity Log ကို ရွေးပါ။ ဒီထဲမှာ အသုံးပြုသူက Facebook မှာပြုလုပ်ခဲ့တာတွေကို မြင်တွေ့ရပါလိမ့်မယ်။

၄။ Activity Log ထဲမှာ Filter ကိုရှာပြီး နှိပ်ပါ။ ပြီးရင် ခုနှစ်၊ လ ကို 2020 October နောက်ပိုင်းဆီရွေးချယ်ပါ။ Activity Types မှာတော့ Text updates, check-ins, notes, and more ကို ရွေးပြီး Save Changes နှိပ်ပါ။

၅။ Note ကိုတွေ့ရင် Click နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။

ဒီ Note တွေဟာ Facebook ပေါ်မှာ ဘယ်လောက်ကြာကြာဆက်ရှိနေမယ်မသိနိုင်တာကြောင့် အကောင်းဆုံးကတော့ စာမူတွေကို Copy ကူးပြီး သီးခြားသိမ်းထားတာပဲ ဖြစ်ပါတယ်။

Ref: Google