Facebook ဟာ ကမ္ဘာတဝန်းလုံး အသုံးပြုနေတဲ့ လူမှုကွန်ရက်ကြီး ဖြစ်ပြီး အဲဒီမှာ ပို့စ်တွေ သာမက သင့် သူငယ်ချင်း၊ စီးပွားရေး လုပ်ငန်းတွေကိုပါ ရှာဖွေနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အဲဒီအရာတွေကို လွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေကို ပြောပြချင်ပါတယ်။

PC မှာ ရှာဖွေနည်း

၁။ Facebook.com ကို သွားပြီး သင့် အကောင့်နဲ့ Log In ဝင်ပါ။

၂။ ထိပ်နားက Search Box မှာ သင် ရှာချင်တာကို ထည့်ရိုက်ပါ။ ရလာဒ်တွေ ပေါ်လာရင် သင် ရှာချင်တဲ့ ၁ ခုကို ရွေးပေးပါ။

Facebook Search Pc

၃။ ဒါဆိုရင် Facebook က Posts, Photos, Videos စသဖြင့် Category တွေနဲ့ ရလာဒ်တွေကို ပြသပေးမှာပါ။ သင်က အဲဒီအထဲက ၁ ခုခုကို ရွေးချယ်ပေးပါ။

၄။ နောက်ထပ် Filter တွေ ပေါ်လာမှာ ဖြစ်ပြီး အသေးစိတ် ရှာဖွေမှုတွေ ထပ်မံ ပြုလုပ်လို့ရမှာပါ။

Facebook Search Pc Filters

Android နဲ့ iPhone မှာ ရှာဖွေနည်း

၁။ Facebook App ကို ဖွင့်ပါ။

၂။ ထိပ်နားက Search ခလုတ်ကို နှိပ်ပြီး သင်ရှာချင်တာကို ရိုက်ထည့်ပါ။

Facebook Search Box Mobile

၃။ အဲဒီမှာလည်း All, Posts, People , Groups , Photos , Videos စတဲ့ Filter တွေကို ပြသပေးထားပါတယ်။

Facebook Search Filter Mobile

၄။ ၁ ခုကို ရွေးချယ်လိုက်ပြီး ညာဘက်ထိပ်က Option Icon ကို နှိပ်ရင် နောက်ထပ် Filter တွေကို ပြသပေးမှာပါ။

Facebook Search Filter Results Mobile

Facebook Post အဟောင်းတွေကို ရှာဖွေနည်း

သင့် ပို့စ်၊ သင့် သူငယ်ချင်းရဲ့ ပို့စ်နဲ့ တခြား သူတွေရဲ့ ပို့စ်တွေကို Facebook Search ကနေ ရှာနိုင်ပါတယ်။ သင်ရှာချင်တဲ့ ပို့စ်မှာ ပါတဲ့ စာသားတချို့ကို Search Box မှာ ရိုက်ထည့်ပြီး Posts Filter ကို ရွေးပေးပါ။ ဒါဆိုရင် အောက်က Option တွေပေါ်လာမှာပါ။

  • Recent posts : ဒီ Filter က မကြာခင်က ပို့စ်တွေကို ပြသပေးမှာပါ။
  • Posts you’ve seen : သင်အရင်က မြင်ခဲ့ဖူးတဲ့ ပို့စ်တွေ၊ Reaction ပေးခဲ့ဖူးတဲ့ ပို့စ်တွေကို ပြသမှာပါ။
  • Date posted : ဒီ Filter က ခုနှစ် အလိုက်ရှာနိုင်မှာပါ။
  • Posts from : သင်၊ သင့် သူငယ်ချင်း၊ သင့် Group / Page ၊ Public နဲ့ တင်ထားတဲ့ ပို့စ်တွေကို ရှာပေးမှာပါ။
  • Tagged location : Tag လုပ်ထားတဲ့ Location အလိုက် ရှာနိုင်မှာပါ။
  • Facebook Search Profile Filter

သင့် ပရိုဖိုင်၊ တခြား လူရဲ့ ပရိုဖိုင်၊ Page နဲ့ Group တွေမှာ ရှာဖွေနည်း

အထက်က နည်းလမ်းတွေအပြင် သင့် ပရိုဖိုင်၊ တခြား လူရဲ့ ပရိုဖိုင်၊ Page နဲ့ Group တွေမှာပါ ရှာဖွေနိုင်ပြီး ဒီနည်းလမ်းကို မိုဘိုင်းနဲ့ PC ၂ ခုစလုံးမှာ သုံးနိုင်ပါတယ်။

ပရိုဖိုင်၊ Page ၊ Group ထဲသွားပြီး Search အိုင်ကွန်ကို နှိပ်ပါ။

Facebook Search Group

Search အိုင်ကွန်ကို ထိပ်မှာ မတွေ့ရင် အစက်သုံးစက် အိုင်ကွန်ကို နှိပ်ပြီး ‘Search profile/page’ ကို ရွေးပါ။

Facebook Search Profile

လူ ၁ ယောက်ကို ရှာဖွေနည်း

Facebook မှာ နာမည်တူတဲ့ လူများစွာ ရှိတဲ့အတွက် City , Education , Work အလို လွယ်ကူစွာ ရှာဖွေနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ Search Box မှာ ရှာချင်တဲ့ လူရဲ့ နာမည်ကို ရိုက်ထည့်ပြီး People Filter ကို ရွေးပါ။ နောက်ထပ် ပေါ်လာတဲ့ Filter တွေမှာ ဒေတာတွေ ဖြည့်ပြီး ရှာနိုင်ပါတယ်။

Facebook Search People Filter

Photos နဲ့ Videos တွေကို ရှာဖွေနည်း

Photos နဲ့ Videos တွေကိုလည်း Tagged Location, Date Posted, Type Of Photo, Posted By,  Live Videos စတဲ့ Filter တွေနဲ့ အသေးစိတ်ရှာဖွေနိုင်ပါတယ်။ အဲဒီ Filter တွေဟာ Photos နဲ့ Videos Filter Section အောက်မှာ ရှိပါတယ်။

Facebook Search Photos And Videos

Ref : maketecheasier