Instagram မှာ Disappearing Photo နဲ့ Video တွေ ပေးပို့နိုင်တာ သင်သိပါသလား? Instagram မှာ အဲဒီ လုပ်ဆောင်ချက်ကို Built-in ထည့်သွင်းပေးထားတာ ဖြစ်ပြီး သင် ပေးပို့လိုက်တဲ့ Photo နဲ့ Video ကို လက်ခံရရှိသူက ကြည့်ပြီးတာနဲ့ ချက်ချင်း ဖျက်ပေးမှာပါ။ အဲဒီအတွက် သင့် Photo နဲ့ Video တွေကို လက်ခံရရှိသူက တခြား လူတွေကို မျှဝေလို့ မရတော့ပါဘူး။

ရွေးချယ်စရာ ၃ ခု

Instagram မှာ Disappearing Photo နဲ့ Video တွေ ပေးပို့တဲ့ အခါ ရွေးချယ်စရာ Option ၃ ခု ရှိပါတယ်။

  • View Once : ဒီ Option က လက်ခံရရှိသူဟာ Photo နဲ့ Video ကို ၁ ခါပဲ ကြည့်ခွင့်ရှိမှာ ဖြစ်ပြီး ကြည့်ပြီးတာနဲ့ ချက်ချင်း ဖျက်ပစ်မှာပါ။
  • Allow Replay : ဒီ Option က လက်ခံရရှိသူဟာ Photo နဲ့ Video ကို ထပ်ခါထပ်ခါ တောက်လျှောက်ကြည့်လို့ရပါတယ်။ ကြည့်ပြီးရင်တော့ ဖျက်ပစ်မှာပါ။
  • Keep in Chat : ဒီ Option ကို ရွေးရင်တော့ Chat ထဲမှာ Photo နဲ့ Video ကို Preview ကြည့်နိုင်မှာပါ။

Disappearing Photo နဲ့ Video ပေးပို့နည်း

၁။ Android ဖုန်းက Instagram App ကို ဖွင့်ပါ။

၂။ ညာဘက်ထိပ်က “Message Icon “ ကို နှိပ်ပါ။

Send Disappearing Photo Instagram Message

၃။ Contact Name ဘေးက ကင်မရာ အိုင်ကွန်ကို နှိပ်ပါ။

Send Disappearing Photo Instagram Icon

၄။ ဒါဆိုရင် ကင်မရာ ပွင့်လာမှာ ဖြစ်ပြီး Photo  ရိုက်နိုင်သလို Gallery ထဲက Photo ကို ရွေးချယ်နိုင်ပါတယ်။

၅။ Photo ကို ရွေးပြီးရင် အောက်ခြေက Black Bar မှာ Option ၃ ခုကို တွေ့ရမှာပါ။ View Once , Allow Replay နဲ့ Keep in Chat ထဲက နှစ်သက်ရာကို ရွေးပေးပါ။

View Once Instagram

၆။ အဲဒီနောက်မှာ Send ခလုတ်ကို နှိပ်ရင် သင်သတ်မှတ်ထားတဲ့ Option အတိုင်း လက်ခံရရှိသူက ကြည့်နိုင်မှာပါ။

Disappearing Photo Instagram

သင့်ရဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ Photo နဲ့ Video တွေ ပေးပို့တဲ့အခါ ဒီလုပ်ဆောင်ချက်က အသုံးဝင်ပါတယ်။ ဒီ လုပ်ဆောင်ချက်ကို Instagram Web Version မှာ သုံးလို့ မရဘဲ Android နဲ့ iOS မှာပဲ သုံးလို့ရပါတယ်။

Ref : maketecheasier