အရေးပေါ် အခြေအနေတွေမှာ မြန်မြန်ဆန်ဆန် စာပို့၊ ဖုန်းဆက်ဖို့ ဆိုတာ အရမ်း အရေးကြီးပါတယ်။ Samsung Galaxy ဖုန်းတွေမှာ ဒီလို လုပ်ပေးနိုင်တဲ့ SOS Messages လုပ်ဆောင်ချက် ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က သင် အရေးပေါ် အခြေအနေ ကြုံတွေ့ခဲ့ရင် Power Key/Side Key ကို ၃ ၊ ၄ ချက် နှိပ်လိုက်တာနဲ့ သင့် မိသားစုဝင်ထံ အလိုလို စာပို့၊ ဖုန်းဆက်ပေးမှာပါ။  အသုံးမပြုခင်မှာ SOS Messages ကို အရင်ဆုံး Set Up လုပ်ထားရမှာပါ။

Set Up လုပ်နည်း

Samsung Galaxy ဖုန်းရဲ့ Settings > Advanced Features ထဲသွားပါ။ Send SOS Messages ကို Enable လုပ်ပါ။

send sos messages

SOS Messages အလုပ်လုပ်ပုံကို ရှင်းပြတဲ့ စာပေါ်လာမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။

tap continue

နောက်တစ်ဆင့်မှာ လိုအပ်တဲ့ Permissions တွေကို ပြသမှာ ဖြစ်ပြီး Start ကို နှိပ်ပါ။

သင့် မိသားစုဝင် အနည်းဆုံး ၁ ယောက်ကို ထည့်သွင်းပေးရမှာ ဖြစ်ပြီး အဲဒီ လူက SOS Messages ရရှိမယ့် သူ ဖြစ်ပါတယ်။ ၁ ယောက်ထက် ပိုပြီးလည်း ထည့်သွင်းနိုင်ပါတယ်။

choose a recipient

Contact အသစ် ထည့်သွင်းနိုင်သလို ဖုန်းထဲက Contact တွေထဲကလည်း ရွေးချယ်နိုင်ပါတယ်။

select contacts

Emergency Contact ကို ရွေးချယ်ပြီးရင် SOS Messages အလုပ်လုပ်ပုံကို သင်က သတ်မှတ်နိုင်မှာပါ။ SOS ပို့ဖို့ Power Key/Side Key ကို နှိပ်ရမယ့် အကြိမ်အရေအတွက်ကို သင်က ရွေးချယ်ရမှာပါ။

choose the side key behavior

SOS Messages ပေးပို့တဲ့အပြင် ဖုန်းပါ ခေါ်စေချင်ရင် Auto call someone မှာ ထည့်သွင်းပေးပါ။

auto call someone

နောက်ဆုံး အဆင့်မှာ အရှေ့နဲ့ အနောက်ကင်မရာတွေကနေ ဓါတ်ပုံရိုက်ပြီး ပေးပို့စေချင်ရင် Attach pictures taken using the front and rear cameras မှာ Enable လုပ်ပေးပါ။

attach pictures to SOS

အသံပါပေးပို့ချင်ရင် Attach audio recording မှာ Enable လုပ်ပါ။

attach audio to SOS

SOS Messages ပေးပို့နည်း

power key and side key

SOS Messages ကို Set Up လုပ်ပြီးရင် ပေးပို့ရတာ လွယ်ကူပါတယ်။ Power Key/Side Key ကို သင် အပေါ်မှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်  အတိုင်း မြန်မြန် နှိပ်လိုက်ရုံပါပဲ။

Ref : howtogeek