Android စမတ်ဖုန်းတွေ၊ တက်ဘလက်တွေမှာ On Screen Keyboard တွေသုံးပြီး စာရိုက်ရတာ သိပ်အဆင်မပြေပါဘူး။ အဲဒီအတွက် Custom Text Shortcuts တွေကို အသုံးပြုရင် အဆင်ပြေစေပါတယ်။ အဲဒီလို Custom Text Shortcuts တွေကို Gboard မှာ ဖန်တီးနိုင်ပါတယ်။
Custom Text Shortcuts ဆိုတာက ဥပမာ “နေကောင်းလား” လို့ ရိုက်ချင်ရင် “နေ” လို့ ရိုက်လိုက်ရုံနဲ့ “နေကောင်းလား” စာသားကို Gboard က အလိုလို ဖြည့်ပေးသွားမှာပါ။ ဒီလို အလိုလို ဖြည့်ပေးဖို့အတွက် Gboard မှာ “နေကောင်းလား” ရဲ့ Custom Text Shortcuts ကို “နေ” လို့ သတ်မှတ်ပေးထားရမှာပါ။
Gboard မှာ Custom Text Shortcuts ဖန်တီးနည်း
Gboard မှာ Custom Text Shortcuts ဖန်တီးနည်းကို အောက်မှာ လေ့လာနိုင်ပြီး ဖုန်း ၁ လုံးနဲ့ ၁ လုံး အနည်းငယ်ကွဲပြားနိုင်ပါတယ်။
၁။ “Settings -> System -> Language & input -> Virtual Keyboard.” ထဲသွားပြီး Gboard ကို ရွေးပေးပါ။
၂။ Settings ထဲသွားပြီး “Dictionary” ကို ရွေးပြီး “Personal Dictionary” ကို နှိပ်ပါ။
၃။ ဘာသာစကား ရွေးပေးပြီး ညာဘက်ထိပ်က “+” Icon ကို နှိပ်ပါ။
၄။ ဥပမာအနေနဲ့ အပေါ်က Box မှာ “နေကောင်းလား” လို့ ရေးပေးပြီး အောက်က Box မှာ “နေ” လို့ ရေးပေးပါ။
၅။ ဒါဆိုရင် Custom Text Shortcuts ၁ ခု ဖန်တီးပြီးပါပြီ။ Gboard ကနေ “နေ” လို့ရိုက်လိုက်တိုင်း “နေကောင်းလား” ဆိုတာကို အကြံပြုပြသပေးမှာပါ။ သင်က “နေကောင်းလား” ကို တစ်ချက်နှိပ်လိုက်တာနဲ့ အိုကေပါပြီ။ အဲဒီအတွက် စာအပြည့်အစုံ ရိုက်စရာမလိုတော့ပါဘူး။
Ref : maketecheasier