ဘရောက်စာမှာ Tab အများကြီး ဖွင့်ပြီး အသုံးပြုတဲ့ လူတွေအတွက် ကြည့်ချင်တဲ့ Tab ကို ရှာဖို့ ခက်ခဲပါတယ်။ အဲဒီအတွက် ဘရောက်စာတွေမှာ ဖွင့်ထားတဲ့ Tab တွေကို မြန်မြန် ရှာနိုင်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ အသုံးပြုရတာ လွယ်ပေမယ့် အဲဒီ လုပ်ဆောင်ချက်ကို မသိသေးတဲ့ လူတော်တော်များများရှိနေသေးတဲ့အတွက် လျှို့ဝှက်လုပ်ဆောင်ချက်လို့တောင် ပြောနိုင်ပါတယ်။
Chrome
Chrome Version 87 နဲ့ အထက်မှာ Search Tab လုပ်ဆောင်ချက်ကို Tabs Bar ညာဘက်ဘေးမှာ ထည့်ပေးထားပါတယ်။ Tab တွေရဲ့ ညာဘက်မှ Down Arrow အိုင်ကွန်ကို နှိပ်ရင် ဖွင့်ထားတဲ့ Tab တွေနဲ့ မကြာခင်က ပိတ်လိုက်တဲ့ Tab တွေကို ပြသထားပါတယ်။ သင် ဖွင့်ချင်တဲ့ Tab တွေကို ရှာပေးတဲ့ Search Box လည်း ပါလာပြီး Tab တွေ ပိတ်တာကိုလည်း အဲဒီကနေ ပြုလုပ်နိုင်ပါတယ်။
Firefox
Firefox မှာ Search Tab လုပ်ဆောင်ချက်အတွက် သီးခြား ခလုတ် မရှိဘဲ URL Bar ကနေ တိုက်ရိုက် သုံးနိုင်ပါတယ်။ URL Bar ကို Click နှိပ်ပါ။ % ခလုတ်ကို နှိပ်ပြီး Spacebar ကို နှိပ်ပါ။ ဒါဆိုရင် ဖွင့်ထားတဲ့ Tab အားလုံးကို မြင်ရမှာပါ။ စာရိုက်ပြီး ရှာနိုင်သလို Filter လုပ်ကာ ရှာနိုင်ပါတယ်။
Safari
Safari မှာလည်း Search Tab လုပ်ဆောင်ချက်ကို Tabs Page မှာ သုံးနိုင်ပါတယ်။ ညာဘက်အထက်က Tabs ခလုတ်ကို နှိပ်ပြီး Search Tabs ကို နှိပ်ပါ။ အဲဒီမှာ သင်ဖွင့်ချင်တဲ့ Tab ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။
Ref : lifehacker