Flagship Killer လို့တင်စားခံခဲ့ရတဲ့ OnePlus 6 ဟာ မကြာခင်မှာ Red Version ထွက်ရှိလာတော့မယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ OnePlus 6 မတိုင်ခင် ထွက်ရှိခဲ့တဲ့ OnePlus 5T ဟာဆိုရင် Launch လုပ်ပြီး လအနည်းငယ် အကြာမှာ Red Version ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း OnePlus 6 ကို Red Version ထွက်မယ်ဆိုတဲ့ သတင်းတွေ ပြန့်နေတာ ဖြစ်ပါတယ်။

Source: androidauthority.com

OnePlus ကတော့ ဘာတစ်ခုမှ တရားဝင် ကြေညာထားတာမျိုး မရှိသေးပေမယ့် YouTuber တစ်ဦးဖြစ်သူ Marques Brownlee ရဲ့ Tweet တစ်ခုမှာ OnePlus 6 နဲ့တူတဲ့ အနီရောင် ဖုန်းတစ်လုံးကို မြင်လိုက်ရပါတယ်။ ဒါဟာ သာမန်ဟာသတစ်ခုလည်း ဖြစ်နေနိုင်ပေမယ့် OnePlus 6 fan တွေအတွက်တော့ Teaser တစ်ခုလိုပါပဲ။

Source: androidpolice.com

တကယ်လို့ OnePlus 6 ကို OnePlus 5T လို Lava Red Version နဲ့ကိုင်ချင်နေတဲ့ လူတွေအတွက်တော့ ဒီသတင်းဟာ ဝမ်းသာစရာပါ။ OnePlus 5T တုန်းကတော့ Lava Red Version အလုံးတွေဟာ ထွက်ထွက်ချင်း ရောင်းလို့ကုန်သွားခဲ့တဲ့အတွက် OnePlus 6 အလှည့်ကျရင်တော့ စောစောပြေးဝယ်ထားမှ တော်ကာကျမယ်နော်။ ဒါပေမယ့် ဒီသတင်းကို OnePlus 6 က အတည်မပြုရသေးပါဘူး။ တကယ့် အနီရောင် OnePlus 6 ကို မျှော်လင့်လို့တော့ ရပေမယ့် အရင်ထက် ပိုမိုက်လာမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။