Zawgyi

Lenovo က အခုေနာက္ပိုင္းမွာ စမတ္ဖုန္းထုတ္လုပ္မႈေတြ တျဖည္းျဖည္းနည္းပါးလာတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက India မွာ Lenovo K9 စမတ္ဖုန္းကို မိတ္ဆက္ခဲ့ၿပီးေတာ့ ေမလတုန္းက K9 Note ကို မိတ္ဆက္ခဲ့တာပဲ ရွိခဲ့တာပါ။ ဒါေပမယ့္ ၾကည့္ရတာ Lenovo ကေန ေနာက္ထပ္ Note Series စမတ္ဖုန္းအသစ္ကို မိတ္ဆက္လာဦးမယ့္ပုံစံပါပဲ။

အခုသတင္းက Lenovo ကိုယ္တိုင္က Media ေတြကို Launch Event အတြက္ Invite ေပးပို႔ေနတာျဖစ္ၿပီးေတာ့ အခုမိတ္ဆက္မယ့္ စမတ္ဖုန္းက ဘာျဖစ္လာမလဲဆိုတာကိုေတာ့ အတိအက်မသိရေသးပါဘူး။ အဆိုပါ Invite မွာလည္း “Get ready to witness the magnificent. Block your dates for #KillerNote on 5th September 2019” လို႔ ေရးသားထားတဲ့အတြက္ K Series Note စမတ္ဖုန္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

Lenovo ဟာ ယခင္တုန္းက K9 Note ကို မိတ္ဆက္ခဲ့တုန္းကေတာ့ အရမ္းႀကီးမေအာင္ျမင္ခဲ့ေပမယ့္ အခုမိတ္ဆက္လာမယ့္ K Series Note အသစ္က ဘယ္လိုမ်ိဳးျဖစ္လာမလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Lenovo ရဲ႕ K Series စမတ္ဖုန္းအသစ္က Mid Range စမတ္ဖုန္းတစ္ခုပဲျဖစ္ႏိုင္ၿပီးေတာ့ လက္ရွိေစ်းကြက္ထဲမွာရွိတဲ့ နာမည္ႀကီး Mid Range ဖုန္းေတြျဖစ္တဲ့ Honor 9X ၊ Realme 5 နဲ႔ Xiaomi Redmi Note 8 လိုမ်ိဳး ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္တဲ့အတြက္ ဘယ္လိုျဖစ္လာမလဲဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

Ref – GSM Arena

Unicode

Lenovo က အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်မှုတွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့တောင် ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက India မှာ Lenovo K9 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ မေလတုန်းက K9 Note ကို မိတ်ဆက်ခဲ့တာပဲ ရှိခဲ့တာပါ။ ဒါပေမယ့် ကြည့်ရတာ Lenovo ကနေ နောက်ထပ် Note Series စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။

အခုသတင်းက Lenovo ကိုယ်တိုင်က Media တွေကို Launch Event အတွက် Invite ပေးပို့နေတာဖြစ်ပြီးတော့ အခုမိတ်ဆက်မယ့် စမတ်ဖုန်းက ဘာဖြစ်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ အဆိုပါ Invite မှာလည်း “Get ready to witness the magnificent. Block your dates for #KillerNote on 5th September 2019” လို့ ရေးသားထားတဲ့အတွက် K Series Note စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Lenovo ဟာ ယခင်တုန်းက K9 Note ကို မိတ်ဆက်ခဲ့တုန်းကတော့ အရမ်းကြီးမအောင်မြင်ခဲ့ပေမယ့် အခုမိတ်ဆက်လာမယ့် K Series Note အသစ်က ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Lenovo ရဲ့ K Series စမတ်ဖုန်းအသစ်က Mid Range စမတ်ဖုန်းတစ်ခုပဲဖြစ်နိုင်ပြီးတော့ လက်ရှိစျေးကွက်ထဲမှာရှိတဲ့ နာမည်ကြီး Mid Range ဖုန်းတွေဖြစ်တဲ့ Honor 9X ၊ Realme 5 နဲ့ Xiaomi Redmi Note 8 လိုမျိုး ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရမှာဖြစ်တဲ့အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena