တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ LG အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ LG Signature Edition (2017) ရဲ့ မျိုးဆက်သစ် မော်ဒယ် တစ်ခု ဖြစ်တဲ့ Flagship စမတ်ဖုန်း LG Signature Edition (2018) ကို ထပ်မံ မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

LG Signauture Edition (2018) မှာ ဘေးဘောင်တွေ အတွက် သတ္တုစပ် ဘေးဘောင်တွေ ကို အသုံးပြု ပေးထားပြီး ကျောဘက် Panel အတွက် အစင်းရာ မထင်၊ အကြမ်းခံနိုင်တဲ့ Zirconium Creamic Back Panel ကို အသုံးပြု ထားပါတယ်။ ဖုန်းရဲ့ ကျောဘက်ခြမ်းမှာ Dual Rear Camera Setup နဲ့ အတူ Fingerprint Scanner ကို မြင်တွေ့ရမှာ ဖြစ်ပြီး 3.5mm Audio Jack ကိုတော့ ဖုန်းရဲ့ ထိပ်ဘက် အပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Volume Button တွေကိုတော့ ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

LG Signature Edition (2018) မှာ Android 8.0 Oreo OS ကို အသုံးပြု ပေးထားပြီး Display ပိုင်းမှာတော့ ၆လက်မ အရွယ်အစားရှိ QHD+ (2280 X 1440 Pixels) Resolution OLED Display ကို အသုံးပြုထားပါတယ်။ 18:9 Aspect Ratio နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်တာကြောင့် ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပြီး Display ကို Corning Gorilla Glass နဲ့ ဖုံးအုပ် ပေးထားပါတယ်။

LG Signature Edition (2018) မှာ Qualcomm Snapdragon 845 Octa-Core Chipset ကို အသုံးပြု ပေးထားပြီး RAM 6GB/ Internal Storage 256 GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card Slot ကနေ တစ်ဆင့် ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Rear Camera အတွက် 16MP F/1.6 71-Degree Wide-Angle Lens + 16MP f/1.9 107-Degree Super-Wide-Angle Lens ကို LED Flash နဲ့ တွဲဖက် အသုံးပြု ပေးထားပါတယ်။ Selfie ပိုင်းမှာတော့ 8MP f/1.9 80-Degree Wide-Angle Lens ကို အသုံးပြု ပေးထားပါတယ်။

LG Signature Edition (2018) မှာ 3300 mAh ဘက်ထရီ ကို အသုံးပြု ပေးထားပြီး Qualcomm ရဲ့ Quick Charge 3.0 Fast Charging စနစ် ပါဝင်သလို၊ Wireless Charging Support လည်း ပါဝင်တယ်လို့ သိရပါတယ်။

Connectivity Options တွေ အနေနဲ့ 4G VoLTE, 3.5mm Audio Jack, Bluetooth 5LE, GPS, NFC, USB Type C, Wi-Fi 802.11 ac တို့ ပါဝင်ပါတယ်။ အရွယ်အစား အနေနဲ့ 151.7 x 75.4 x 7.3 mm ရှိမှာ ဖြစ်ပြီး ၁၅၇ ဂရမ် အလေးချိန်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

LG Signature Edition (2018) ကို ဒီနေ့ ဇူလိုင်လ ၃၀ရက်နေ့က စတင်ပြီး ကိုရီးယား နိုင်ငံအတွင်းမှာ ကန်ဒေါ်လာ ၁၈၀၀ ဝန်းကျင် နဲ့ Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး သြဂုတ်လ ၁၃ရက်နေ့မှာ စတင် ဖြန့်ချီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် LG Signature Edition (2018) ဝယ်ယူသူတွေ အားလုံးကို ကန်ဒေါ်လာ ၆၀၀ ဝန်းကျင် တန်ဖိုးရှိ B & O Beoplay H9i Headphone ကို မေတ္တာလက်ဆောင် အနေနဲ့ ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gadget.NDTV