Microsoft ကနေ အခုအချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ Store တွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ချလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple လိုမျိုးပဲ Store တွေကို ပိတ်ချလိုက်တဲ့နောက်ထပ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်လာပြီလို့ ပြောရမှာပါ။

Microsoft ရဲ့ Customer တွေဆီကို ပေးပို့တဲ့ Email အရတော့ Customer တွေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုကို ကာကွယ်ဖို့အတွက် အခုလိုမျိုး Microsoft Store တွေကို ပိတ်ချလိုက်တာဖြစ်တယ်လို့ သိရပြီးတော့ ဒီလိုမျိုး ပိတ်ထားတဲ့အချိန်မှာလည်း ဗိုင်းရပ်စ်ပြန့်နှံ့ကူးစက်မှုကိုလျော့ကျဖို့အတွက် အကောင်းဆုံးကူညီသွားမယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

ဒီလိုမျိုး Microsoft Store တွေကို ပိတ်ချလိုက်ပေမယ့်လည်း ဝန်ထမ်းတွေကိုတော့ ပုံမှန်အတိုင်းပဲလစာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် Apple Store တွေဟာ လာမယ့် မတ်လ ၂၇ နေ့အထိ ပိတ်ထားသလိုမျိုး Microsoft ဘက်ကနေ ဘယ်အချိန်အထိပိတ်ထားမယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Microsoft ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Facebook ၊ Google ၊ LinkedIn ၊ Reddit ၊ Twitter နဲ့ YouTube တို့နဲ့ ပူးပေါင်းပြီးတော့ ဒီ Tech Communities အတွက်ကျန်းမာရေးနဲ့ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတဲ့ Joint Industry Statement တစ်ခုထုတ်ပြန်ခဲ့ပါသေးတယ်။

Ref – Engadget