Unicode

၂၀၂၀ ခုနှစ်ဟာ မိုဘိုင်းဂိမ်းတွေအတွက်လည်း ထူးခြားတဲ့နှစ်တစ်နှစ်ပါ။ ဒီနှစ်ထဲမှာ Diablo, League of Legends, Apex Legends တို့လို ဂိမ်း Franchise ကြီးတွေဟာ မိုဘိုင်းပလက်ဖောင်းပေါ်ကို အင်နဲ့အားနဲ့ ဂိမ်းအကောင်းစားတွေ ဖြန့်ချိလာမှာဖြစ်ပြီး သူတို့ရဲ့ဈေးကွက်ကို အကြီးအကျယ်ချဲ့ထွင်လာမှာဖြစ်ပါတယ်။

League of Legends ဟာ ဒီထဲမှာ ခြေလှမ်းအကြီးဆုံးဖြစ်ပြီး သူတို့ရဲ့အဓိကသွေးကြောဖြစ်တဲ့ MOBA ဂိမ်းကို LOL: Wild Rift အမည်နဲ့ မိုဘိုင်းပေါ်ယူလာမယ့်အပြင် သူတို့ရဲ့ Universe ကိုအခြေခံထားတဲ့ Auto Chess ဂိမ်း Teamfight Tactics (မတ်လမှာ မိုဘိုင်းပေါ်ရောက်မည်) နဲ့ CCG ကတ်ဂိမ်း Legends of Runeterra တို့ကိုပါ Android/iOS ပလက်ဖောင်းတွေမှာ ဆော့နိုင်အောင် လုပ်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ထဲမှာ ဘယ်လိုဂိမ်းတွေကို ဆော့ကြည့်သင့်လဲ ဆိုတာ အောက်မှာ ဆက်ဖော်ပြလိုက်ပါတယ်။

Apex Legends Mobile

PUBG လိုမျိုး Shooter Battle Royale ကိုပဲ FPS အနေနဲ့ကစားရမယ့် Sci-fi စတိုင်လ် ဂိမ်းဟာ ၂၀၁၉ ခုနှစ်ထဲမှာ လူကြိုက်အများဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး ပလေးစတေရှင်နဲ့ ပီစီပလက်ဖောင်းတွေမှာ ဖြန့်ချိခဲ့ပါတယ်။ EA က ပိုင်ဆိုင်တဲ့ ဒီဂိမ်းကို ၂၀၂၀ ခုနှစ် Q4 (စတုတ္ထလေးလပတ်) ကာလမှ မိုဘိုင်းပေါ်မှာ ဆော့ကစားနိုင်မှာပါ။

Naruto Slugfest

လူကြိုက်များ Anime/Manga ဖြစ်တဲ့ Naruto ကို အခြေခံထားတဲ့ ဂိမ်းပေါင်းမြောက်များစွာ ရှေ့မှာထွက်ခဲ့ဖူးပေမယ့် အခုဂိမ်းကတော့ ပထမဦးဆုံး 3D Open-world စတိုင်လ် Action MMORPG ဂိမ်းဖြစ်ပါတယ်။ ဒီထဲမှာ Naruto စီးရီးထဲက အချစ်တော် ဇာတ်ကောင်တွေကို စုံလင်စွာတွေ့ရှိရမှာပါ။ ဒီဂိမ်းရဲ့ Closed Beta ကို ဇန်နဝါရီ ၃ ရက်နေ့ထဲက စတင်ခဲ့တာကြောင့် မကြာခင်ထွက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ Naruto / Boruto မိုဘိုင်းဂိမ်းတွေ အကြိမ်အနည်းငယ် တရားဝင်ထွက်ရှိခဲ့ပေမယ့် အောင်မြင်တယ်လို့ မဆိုနိုင်သေးပါဘူး။

Pokémon Sleep

Pokémon GO တုန်းက ကျွန်တော်တို့တွေ မြို့အနှံ့ပတ်ပြီး ပိုကီမွန်ဖမ်းခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒါပေမယ့် မအားမလပ်ဖြစ်နေလို့ Pokémon တောင် ထွက်မဖမ်းနိုင်ဘူး၊ ဂိမ်းဆော့ချိန်မရှိဘူး ဆိုသူတွေအတွက် သတင်းကောင်းက Pokémon Sleep ပါပဲ။ အိပ်စက်နေရင်းဆော့ရမယ့် ဒီဂိမ်းဟာ Pokémon GO လိုပဲ မိုဘိုင်းဂိမ်းလောကမှာ ကြီးမားတဲ့ Revolution တစ်ခုကို ယူဆောင်လာမယ်လို့ အားလုံးကယူဆနေကြပါတယ်။ “ဒီဂိမ်းရဲ့ ရည်ရွယ်ချက်က ကစားသူတွေကို နှစ်ခြိုက်စွာအိပ်စက်ပြီး နိုးထလာတဲ့ မနက်တိုင်းမှာ ရည်ရွယ်ချက်တစ်ခုရှိနေဖို့ ဖြစ်ပါတယ်” လို့ Pokémon Company က ဆိုခဲ့ပါတယ်။

Zawgyi

၂၀၂၀ ခုႏွစ္ဟာ မုိဘုိင္းဂိမ္းေတြအတြက္လည္း ထူးျခားတဲ့ႏွစ္တစ္ႏွစ္ပါ။ ဒီႏွစ္ထဲမွာ Diablo, League of Legends, Apex Legends တုိ႔လို ဂိမ္း Franchise ႀကီးေတြဟာ မုိဘုိင္းပလက္ေဖာင္းေပၚကို အင္နဲ႔အားနဲ႔ ဂိမ္းအေကာင္းစားေတြ ျဖန္႔ခ်ိလာမွာျဖစ္ၿပီး သူတုိ႔ရဲ႕ေစ်းကြက္ကို အႀကီးအက်ယ္ခ်ဲ႕ထြင္လာမွာျဖစ္ပါတယ္။

League of Legends ဟာ ဒီထဲမွာ ေျခလွမ္းအႀကီးဆုံးျဖစ္ၿပီး သူတုိ႔ရဲ႕အဓိကေသြးေၾကာျဖစ္တဲ့ MOBA ဂိမ္းကို LOL: Wild Rift အမည္နဲ႔ မုိဘုိင္းေပၚယူလာမယ့္အျပင္ သူတုိ႔ရဲ႕ Universe ကိုအေျခခံထားတဲ့ Auto Chess ဂိမ္း Teamfight Tactics (မတ္လမွာ မုိဘုိင္းေပၚေရာက္မည္) နဲ႔ CCG ကတ္ဂိမ္း Legends of Runeterra တုိ႔ကိုပါ Android/iOS ပလက္ေဖာင္းေတြမွာ ေဆာ့ႏုိင္ေအာင္ လုပ္လာမွာျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၂၀ ထဲမွာ ဘယ္လိုဂိမ္းေတြကို ေဆာ့ၾကည့္သင့္လဲ ဆုိတာ ေအာက္မွာ ဆက္ေဖာ္ျပလိုက္ပါတယ္။

Apex Legends Mobile

PUBG လုိမ်ဳိး Shooter Battle Royale ကိုပဲ FPS အေနနဲ႔ကစားရမယ့္ Sci-fi စတုိင္လ္ ဂိမ္းဟာ ၂၀၁၉ ခုႏွစ္ထဲမွာ လူႀကဳိက္အမ်ားဆုံးဂိမ္းေတြထဲက တစ္ခုျဖစ္ၿပီး ပေလးစေတရွင္နဲ႔ ပီစီပလက္ေဖာင္းေတြမွာ ျဖန္႔ခ်ိခဲ့ပါတယ္။ EA က ပုိင္ဆုိင္တဲ့ ဒီဂိမ္းကို ၂၀၂၀ ခုႏွစ္ Q4 (စတုတၳေလးလပတ္) ကာလမွ မုိဘုိင္းေပၚမွာ ေဆာ့ကစားႏိုင္မွာပါ။

Naruto Slugfest

လူႀကိဳက္မ်ား Anime/Manga ျဖစ္တဲ့ Naruto ကုိ အေျခခံထားတဲ့ ဂိမ္းေပါင္းေျမာက္မ်ားစြာ ေရွ႕မွာထြက္ခဲ့ဖူးေပမယ့္ အခုဂိမ္းကေတာ့ ပထမဦးဆုံး 3D Open-world စတုိင္လ္ Action MMORPG ဂိမ္းျဖစ္ပါတယ္။ ဒီထဲမွာ Naruto စီးရီးထဲက အခ်စ္ေတာ္ ဇာတ္ေကာင္ေတြကို စုံလင္စြာေတြ႕ရွိရမွာပါ။ ဒီဂိမ္းရဲ႕ Closed Beta ကို ဇန္နဝါရီ ၃ ရက္ေန႔ထဲက စတင္ခဲ့တာေၾကာင့္ မၾကာခင္ထြက္ရွိလာေတာ့မယ္လို႔ ယူဆရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ပုိင္းမွာ Naruto / Boruto မုိဘုိင္းဂိမ္းေတြ အႀကိမ္အနည္းငယ္ တရားဝင္ထြက္ရွိခဲ့ေပမယ့္ ေအာင္ျမင္တယ္လို႔ မဆုိႏုိင္ေသးပါဘူး။

Pokémon Sleep

Pokémon GO တုန္းက ကၽြန္ေတာ္တုိ႔ေတြ ၿမိဳ႕အႏွံ႔ပတ္ၿပီး ပုိကီမြန္ဖမ္းခဲ့ၾကတာ မွတ္မိၾကဦးမွာပါ။ ဒါေပမယ့္ မအားမလပ္ျဖစ္ေနလို႔ Pokémon ေတာင္ ထြက္မဖမ္းႏုိင္ဘူး၊ ဂိမ္းေဆာ့ခ်ိန္မရွိဘူး ဆုိသူေတြအတြက္ သတင္းေကာင္းက Pokémon Sleep ပါပဲ။ အိပ္စက္ေနရင္းေဆာ့ရမယ့္ ဒီဂိမ္းဟာ Pokémon GO လုိပဲ မုိဘုိင္းဂိမ္းေလာကမွာ ႀကီးမားတဲ့ Revolution တစ္ခုကို ယူေဆာင္လာမယ္လို႔ အားလုံးကယူဆေနၾကပါတယ္။ “ဒီဂိမ္းရဲ႕ ရည္ရြယ္ခ်က္က ကစားသူေတြကို ႏွစ္ျခဳိက္စြာအိပ္စက္ၿပီး ႏုိးထလာတဲ့ မနက္တုိင္းမွာ ရည္ရြယ္ခ်က္တစ္ခုရွိေနဖို႔ ျဖစ္ပါတယ္” လို႔ Pokémon Company က ဆုိခဲ့ပါတယ္။