လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Apple ဟာ Pride Month အဖြစ်ဂုဏ်ပြုချီးမြှောက်ဖို့အတွက် မေလမှာ Apple Watch အတွက် Pride Edition လက်ပတ်ကြိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဘာလုပ်လုပ် တင့်တယ်နေတဲ့ Apple အတွက် အားပေးမဲ့ပရိသတ်ကလည်း အဆင်သင့်ရှိနေခဲ့တာပါ။

ဒီနှစ်မှာတော့ Pride Edition တွေ ထုတ်ဦးမယ်လို့ တရားဝင်သတင်းထွက်လာတာမဟုတ်ပေမဲ့ Mark Gurman ရဲ့ သတင်းကသာ အမှန်ဖြစ်မယ်ဆိုရင်တော့ အမေရိကန်ကုမ္ပဏီကြီးဟာ Watch Series 7 အတွက် Pride Edition Band တွေကို ရောင်းချပေးသွားမှာဖြစ်ပြီး ဒီသီတင်းပတ်နှောင်းပိုင်းမှာ စတင်ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် Apple ဟာ Apple Watch ရဲ့ Pride Edition အသစ်ကို “မကြာခင်အချိန်အတွင်း” ဖြန့်ချိတော့မယ်လို့ Gurman ကအခိုင်အမာဆိုပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာရနိုင်မလဲဆိုပြီး နေ့၊ ရက် အတိအကျတော့ ဖော်ပြထားခြင်းမရှိတာပဲ ဖြစ်ပါတယ်။ Apple Watch တွေအတွက် Special Edition တွေကို ရောင်းချတာက ဒါဟာ ပထမဆုံးအကြိမ်လည်း မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

Apple ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Watch Series 6 Black Unity Limited Edition ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ နည်းပညာကုမ္ပဏီကြီးဟာ Black Unity Braided Solo Loop ကို $99 (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲဝန်းကျင်) နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Ref: GSM Arena