Vivo ရဲ့ အဆင့်အမြင့်ဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်တယ်ဆိုပြီး Smartphone လောကတစ်ခုလုံးရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရတဲ့ Vivo Nex ဟာ ဒီနေ့ ဇွန်လ ၁၂ ရက်မှာပဲ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ထွက်ရှိခဲ့တဲ့ ကောလဟာလတွေ မျှော်လင့်ခဲ့ရတာတွေကို ဒီဖုန်းက ဖြည့်ဆည်းပေးနိုင်မလား ဆိုတာတော့ အောက်မှာ အတူတူ ဆက်ကြည့်လိုက်ကြရအောင်လား။

Source: techradar.com

Vivo Nex ဟာ မျှော်လင့်ထားခဲ့အတိုင်း 6.59-inch Bezeless AMOLED Display ကိုသုံးထားတာ တွေ့ရပါတယ်။ Screen-to-Body Ratio က 91.24% ပဲရှိပါတယ်။ ဒါဟာ Screen ပတ်ပတ်လည် ဘောင်တွေ တကယ်ကို ပါးလွှာတယ်ဆိုတာ မြင်သာစေပါတယ်။ ဒါ့အပြင် Nex မတိုင်ခင်ထွက်ရှိခဲ့တဲ့ ဖုန်းတွေမှာ အကောင်းဆုံး Screen-to-Body Ratio ဟာ 84.9% ပဲရှိပါတယ်။ ဒါ့ကြောင့် တခြားဖုန်းတွေမှာ မြင်နေကျ Notch ၊ Selfie Camera နဲ့ Earpiece Speaker တွေဟာ အရင်ရှိနေကျ နေရာတွေမှာ မရှိတော့ပါဘူး။ Selfie Camera အတွက် Selfie ရိုက်ခါနီးအချိန်မှာ ဖုန်းရဲ့ ထိပ်ကနေ 8MP Front-Facing Camera လေးပေါ်လာမှာ ဖြစ်ပါတယ်။ Earpiece Speaker အတွက်ကတော့ အရင်လိုမဟုတ်တော့ပဲ Screen Sound Casting ဆိုတဲ့ နည်းပညာကို သုံးထားမှာဖြစ်ပါတယ်။ ဒီနည်းပညာက ဖုန်းရဲ့ Display ကို Loudspeaker အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

Source: techradar.com

ဖုန်းရဲ့တခြားအချက်တွေကတော့ Dual-Sensor Camera ကို 12MP f/1.8 Sensor နဲ့ 5MP f/2.4 ကိုသုံးထားတာတွေ့ရပါတယ်။ In-Display-Fingerprint လည်းပါဝင်မှာဖြစ်ပြီး RAM 8GB နဲ့ Internal Storage 256GB ကို 4000mAh Battery နဲ့ဆိုတော့ သုံးရတာ အဆင်ပြေစေမှာပါ။ အချုပ်အနေနဲ့ပြောရရင်တော့ Nex ဟာ Vivo Fan တွေအတွက်တော့ အားရစရာ ဖုန်းတစ်လုံးဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။