Zawgyi

Apple ဟာ ဒီႏွစ္အတြင္းမွာပဲ ျပႆနာေပါင္းစံုကို ၾကံဳေနရပါတယ္။ ေမာင္းသူမဲ့ကား စမ္းသပ္တာေတြ မေအာင္ျမင္ခဲ့တာတို႔ အသစ္ထြက္တဲ့ iPhone ေတြမွာ Software ျပႆနာေပါင္းစံု ၾကံဳရတာမ်ိဳး Qualcomm က တရားစြဲတာ ခံရတာမ်ိဳး အစရွိတဲ့ ျပႆနာ ေပါင္းစံု ၾကံဳေနရပါတယ္။ မၾကာေသးခင္ကပဲ Apple Watch ေတြအတြက္ ထုတ္ေပးခဲ့တဲ့ Watch OS အသစ္ဟာ Apple Watch ေတြကို Brick ျဖစ္သြားေစပါတယ္။ Apple ဟာ Software ပိုင္းမွာ ဆရာတစ္ဆူအျဖစ္နဲ႔ လူေပါင္းမ်ားစြာရဲ႕ ယံုၾကည္မွု ရယူႏိုင္ခဲ့ေပမယ့္ အခုေတာ့ Software Update တိုင္းလိုလိုက ျပႆနာ အသစ္ေတြယူေဆာင္လာသလိုျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း Software ျပႆနာတစ္ခုေပၚလာတုိင္း အဆိုပါ ျပႆနာကို ေျဖရွင္းေပးဖို႔ Update အသစ္တစ္ခုကို ခ်က္ခ်င္းထုတ္ေပးေလ့ရွိပါတယ္။

အခုလည္း အရင္ WatchOS Update က Apple Watch ေတြကို အသံုးျပဳလို႔ လံုးဝမရေတာ့ပဲ Brick ျဖစ္သြားေစတဲ့ အတြက္ ေနာက္ထပ္ WaychOS 5.1.1 ကိုခ်က္ခ်င္းထုတ္ေပးခဲ့ျပီး ျပႆနာ ေျဖရွင္းေပးခဲ့ပါတယ္။ Apple Watch ေတြကို လံုးဝအသံုးျပဳလို႔ မရျဖစ္သြားေစတဲ့ WatchOS Version ဟာ WatchOS 5.1 ျဖစ္ျပီး Update လုပ္လိုက္တာနဲ႔ လံုးဝကို အသံုးျပဳလို႔မရ ျဖစ္သြားေစတာပါ။ ေနာက္ထပ္ Update ေပးလာတဲ့ WatchOS 5.1.1 ကို အဆင့္ျမွင့္တင္ျခင္းအားျဖင့္ အဆိုပါ ျပႆနာကို ေျဖရွင္းေပးတယ္ဆိုေပမယ့္ အသံုးျပဳသူေတြက မိမိဘာသာ ျပင္ဆင္လို႔မရပဲ Apple Support ကို ဆက္သြယ္အေၾကာင္းၾကားရမွာပါ။

ျပည္တြင္းသံုးစြဲသူေတြဆိုရင္လည္း သက္ဆိုင္ရာ Apple Store ေတြကို သြားေရာက္အကူအညီေတာင္းသင့္ပါတယ္။ WatchOS 5.1 Update မွာ Audio-only Group Face Time နဲ႔ Emoji အမ်ိဳးအစား အသစ္ေပါင္း အခု ၇၀ ပါဝင္လာျပီး Series 4 ေမာ္ဒယ္ေတြအတြက္ နာရီဒိုင္ခြက္ ပံုစံအသစ္ေတြနဲ႔ အဆင့္ျမွင့္တင္ေပးထားတဲ့ Fall Detection တို႔ပါဝင္ပါတယ္။

Ref: Engadget

Unicode

Apple ဟာ ဒီနှစ်အတွင်းမှာပဲ ပြဿနာပေါင်းစုံကို ကြုံနေရပါတယ်။ မောင်းသူမဲ့ကား စမ်းသပ်တာတွေ မအောင်မြင်ခဲ့တာတို့ အသစ်ထွက်တဲ့ iPhone တွေမှာ Software ပြဿနာပေါင်းစုံ ကြုံရတာမျိုး Qualcomm က တရားစွဲတာ ခံရတာမျိုး အစရှိတဲ့ ပြဿနာ ပေါင်းစုံ ကြုံနေရပါတယ်။ မကြာသေးခင်ကပဲ Apple Watch တွေအတွက် ထုတ်ပေးခဲ့တဲ့ Watch OS အသစ်ဟာ Apple Watch တွေကို Brick ဖြစ်သွားစေပါတယ်။ Apple ဟာ Software ပိုင်းမှာ ဆရာတစ်ဆူအဖြစ်နဲ့ လူပေါင်းများစွာရဲ့ ယုံကြည်မှု ရယူနိုင်ခဲ့ပေမယ့် အခုတော့ Software Update တိုင်းလိုလိုက ပြဿနာ အသစ်တွေယူဆောင်လာသလိုဖြစ်နေပါတယ်။ ဒါပေမယ့်လည်း Software ပြဿနာတစ်ခုပေါ်လာတိုင်း အဆိုပါ ပြဿနာကို ဖြေရှင်းပေးဖို့ Update အသစ်တစ်ခုကို ချက်ချင်းထုတ်ပေးလေ့ရှိပါတယ်။

အခုလည်း အရင် WatchOS Update က Apple Watch တွေကို အသုံးပြုလို့ လုံးဝမရတော့ပဲ Brick ဖြစ်သွားစေတဲ့ အတွက် နောက်ထပ် WaychOS 5.1.1 ကိုချက်ချင်းထုတ်ပေးခဲ့ပြီး ပြဿနာ ဖြေရှင်းပေးခဲ့ပါတယ်။ Apple Watch တွေကို လုံးဝအသုံးပြုလို့ မရဖြစ်သွားစေတဲ့ WatchOS Version ဟာ WatchOS 5.1 ဖြစ်ပြီး Update လုပ်လိုက်တာနဲ့ လုံးဝကို အသုံးပြုလို့မရ ဖြစ်သွားစေတာပါ။ နောက်ထပ် Update ပေးလာတဲ့ WatchOS 5.1.1 ကို အဆင့်မြှင့်တင်ခြင်းအားဖြင့် အဆိုပါ ပြဿနာကို ဖြေရှင်းပေးတယ်ဆိုပေမယ့် အသုံးပြုသူတွေက မိမိဘာသာ ပြင်ဆင်လို့မရပဲ Apple Support ကို ဆက်သွယ်အကြောင်းကြားရမှာပါ။

ပြည်တွင်းသုံးစွဲသူတွေဆိုရင်လည်း သက်ဆိုင်ရာ Apple Store တွေကို သွားရောက်အကူအညီတောင်းသင့်ပါတယ်။ WatchOS 5.1 Update မှာ Audio-only Group Face Time နဲ့ Emoji အမျိုးအစား အသစ်ပေါင်း အခု ၇၀ ပါဝင်လာပြီး Series 4 မော်ဒယ်တွေအတွက် နာရီဒိုင်ခွက် ပုံစံအသစ်တွေနဲ့ အဆင့်မြှင့်တင်ပေးထားတဲ့ Fall Detection တို့ပါဝင်ပါတယ်။

Ref: Engadget