OnePlus ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Carl Pei အနေနဲ့ ယခုနှစ် အစောပိုင်းမှာ OnePlus 6T စမတ်ဖုန်း ကို အသစ်သစ်သော Features တွေ နဲ့ အတူ မိတ်ဆက် ပေးနိုင်မှာသာ ထုတ်လုပ် သွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ ဒါပေမယ့် BKK Electronics လက်အောက်ခံ စမတ်ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Vivo၊ OPPO တို့ အနေနဲ့ အလန်းစား Flagship စမတ်ဖုန်းတွေ ဖြစ်တဲ့ OPPO Find X၊ Vivo NEX စတဲ့ စမတ်ဖုန်းတွေ ကို မိတ်ဆက် ပေးခဲ့တာကြောင့် BKK လက်အောက်ခံ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ OnePlus အနေနဲ့လည်း အားကျမခံ OnePlus 6T ကို မိတ်ဆက်သွားဖွယ် ရှိပါတယ်။

ယခုအခါမှာ ထွက်ပေါ်လာတဲ့ OnePllus 6T နဲ့ ပတ်သတ်တဲ့ Concept ပုံရိပ်များ အရ OnePlus 6T မှာ Notch ပါဝင်ခြင်း ရှိမှာမဟုတ်ပဲ၊ Vivo Nex မှာလို Popup Selfie ကင်မရာ ကို အသုံးပြု လာနိုင်ပါတယ်။ OnePlus 6T မှာ Front Panel နဲ့ Rear Panel အတွက် ဖန်သားပြင် Panel ကို အသုံးပြုလာနိုင်ပြီး ဘေးဘောင်တွေ အတွက် Aluminum ဘေးဘောင်တွေ ကို အသုံးပြု လာနိုင်ပါတယ်။

Display ပိုင်းမှာတော့ ၆.၄ လက်မ အရွယ်အစားရှိ Notch ပါဝင်ခြင်း မရှိတဲ့ Optic AMOLED Display နဲ့ ပွဲထွက် လာနိုင်ပါတယ်။ ဒါ့အပြင် OnePlus 6T ရဲ့Display ကို အသစ် မိတ်ဆက် ပေးထားတဲ့ Gorilla Glass 6 နဲ့ ဖုံးအုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Operating System အနေနဲ့ကတော့ Android 8.1 Oreo ကို အခြေခံထားတဲ့ OxygenOS 5.1 ကို အသုံးပြု လာနိုင်ပါတယ်။

OnePlus 6 မှာလိုပဲ OnePlus 6T မှာလည်း Qualcomm ရဲ့ Flagship Chipset Snapdragon 845 SoC ကို အသုံးပြုလာနိုင်ပါတယ်။ RAM အနေနဲ့ 6GB/ 8GB၊ Internal Storage 64GB/ 128GB/ 256GB စတဲ့ မော်ဒယ်တွေ အနေနဲ့ OnePlus 6T ကို မိတ်ဆက် သွားနိုင်ပါတယ်။

OnePlus 6T ရဲ့ ကျောဘက် Panel မှာ Triple Camera Setup လို့ ခေါ်တဲ့ ကင်မရာ သုံးလုံး Setup ကို မြင်တွေ့ရမှာ ဖြစ်ပြီး Selfie ပိုင်း အတွက်ကိုတော့ Vivo NEX စမတ်ဖုန်းမှာလို Popup Selfie Camera Setup ကို အသုံးပြု လာနိုင်ပါတယ်။

https://youtu.be/fHi1wWy0DaE

Concept ပုံရိပ်တွေ အရ OnePlus 6T မှာ 3D Face Unlock စနစ် ပါဝင် လာနိုင်ပြီး In-Display Fingerprint Scanner လည်း ပါဝင် လာနိုင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3840 mAh ဘက်ထရီ ကို အသုံးပြု လာနိုင်ပြီး OnePlus ရဲ့ Dash Charge စနစ်လည်း ပါဝင် လာနိုင်ပါတယ်။ တကယ်လို့ OnePlus 6T ကို တရားဝင် မိတ်ဆက် ပေးခဲ့မယ် ဆိုရင်တော့ OnePlus 5T ကို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ မိတ်ဆက် ပေးခဲ့သလို ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက် သွားနိုင်ပါတယ်။

REF: Gizmo China