Zawgyi

Huawei ဟာ သူ႕ရဲ႕ Flagship Series ျဖစ္တဲ့ P Series ရဲ႕ ေနာက္ဆုံးထြက္ P30 Series ကို ၂၀၁၉ ႏွစ္စပိုင္းမွာပဲ မိတ္ဆက္မယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။ ပိုလန္နိုင္ငံမွာရွိတဲ့ Huawei ကုမၸဏီအခြဲရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြေပၚ အေျခခံၿပီးေတာ့လည္း P30 Series ကို မတ္လအကုန္မွာ မိတ္ဆက္မယ္လို႔လည္း သိရပါတယ္။ P30 Series မွာ P30, P30 Pro နဲ႕ P30 Lite ဆိုၿပီး အမ်ိဳးကြဲသုံးခု ပါဝင္မွာပါ။ P30 Pro ကေတာ့ အဆိုပါ ဖုန္းသုံးလုံးထဲမွာ စြမ္းေဆာင္ရည္ အျမင့္ဆုံးျဖစ္ၿပီး ေစ်းလည္း အျမင့္ဆုံး ေမာ္ဒယ္ပါ။

နာမည္အႀကီးဆုံး ေမာ္ဒယ္ျဖစ္တာေၾကာင့္ က်န္တဲ့ ဖုန္းႏွစ္လုံးထက္ ေပါက္ၾကားလာတဲ့ ပုံေတြအေတာ္မ်ားေနပါတယ္။ အခုေနာက္ဆုံးေပါက္ၾကားလာတဲ့ P30 Pro ရဲ႕ ပုံကေတာ့ အရင္ ေပါက္ၾကားလာတဲ့ ပုံေတြလိုမ်ိဳး ကြန္ျပဴတာ ဂရပ္ဖစ္ ေဆာ့ဖ္ဝဲလ္ေတြ အသုံးျပဳၿပီး ေရးဆြဲထားတဲ့ ပုံေတြ မဟုတ္ပဲနဲ႕ တစ္ကယ့္ အျပင္ဘက္ေလာကမွာ ျမင္ရတဲ့ Hands-on ပုံေတြပါပဲ။

ေပါက္ၾကားလာတဲ့ ပုံေတြဟာ P30 Pro ရဲ႕ တစ္ကယ့္ အစစ္အမွန္ ဒီဇိုင္းပုံရိပ္ေတြပါ။ ဒါေပမယ့္လည္း တစ္ကယ့္ လုပ္ေဆာင္ခ်က္ အျပည့္အစုံနဲ႕ ဖုန္းတစ္လုံးမျဖစ္နိုင္ဘဲ အ႐ုပ္ဖုန္း (သို႔မဟုတ္) Display အေသနဲ႕ Demo ဖုန္းတစ္လုံးသာ ျဖစ္နိုင္ပါတယ္။ အဆိုပါ ပုံရိပ္ေတြဟာ နာမည္ႀကီး နည္းပညာ ဝဘ္ဆိုက္ျဖစ္တဲ့ Digital Trend ကေန ထြက္ေပၚလာတာျဖစ္ၿပီး Huawei ရဲ႕ ခြင့္ျပဳခ်က္အရ လူအမ်ား စိတ္ဝင္စားေစဖို႔ ရည္႐ြယ္ၿပီး တမင္တကာ ေပါက္ၾကားေစခဲ့တာျဖစ္နိုင္ပါတယ္။ Digital Trend ရဲ႕ ေျပာၾကားခ်က္အရေတာ့ P30 Pro ရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ ဒီဇိုင္းကို ေဖာ္ျပဖို႔ Huawei ဘက္က ခြင့္မျပဳဘူးလို႔ ဆိုပါတယ္။

အဆိုပါပုံေတြအရ ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ P20 Pro လိုပဲ ေဒါင္လိုက္ အေနအထားနဲ႕ တပ္ဆင္ေပးထားတဲ့ ကင္မရာ သုံးလုံးတြဲ စနစ္ကို ေတြ႕ရပါတယ္။ P20 Pro နဲ႕ မတူေတာ့တဲ့ အခ်က္ကေတာ့ တတိယ ကင္မရာက သပ္သပ္ ခြဲထြက္မေနေတာ့ပဲ ကင္မရာ သုံးလုံးစလုံးကို Lens Cover တစ္ခုတည္းေအာက္မွာ တပ္ဆင္ထားတာပါ။ ကင္မရာေတြရဲ႕ ေအာက္မွာေတာ့ “Vogue” နဲ႕ “Link” ဆိုတဲ့ စာသားေတြကို ေတြ႕ရပါတယ္။ “Vogue” ကေတာ့ ဖုန္းရဲ႕ ကုဒ္နာမည္ျဖစ္ၿပီး အမွန္တစ္ကယ္ ပြဲထုတ္တဲ့ အခါက်ရင္ေတာ့ “Link” ဆိုတဲ့ စကားလုံးေနရာမွာ “Leica” ကို အစားထိုးေရးသားထားမွာပါ။

ဖုန္းတစ္လုံးလုံးရဲ႕ ေထာင့္ခ်ိဳးဒီဇိုင္းေတြဟာ Mate 20 Pro နဲ႕ ဆင္တူေနၿပီး ကင္မရာ အထားအသိုေတြကေတာ့ P20 Pro ရဲ႕ ဒီဇိုင္းအေငြ႕အသက္နဲ႕ ကင္လြတ္ျခင္းမရွိေသးပါဘူး။ အေစာပိုင္း ခန႔္မွန္းခ်က္ေတြအရေတာ့ P30 Pro မွာ Waterdrop Notch နဲ႕ ေနာက္ေက်ာဘက္ ကင္မရာေလးလုံးတြဲ ပါဝင္မယ္လို႔ သိခဲ့ရေပမယ့္ အခုပုံရိပ္ေတြအရေတာ့ ကင္မရာေလးလုံးတြဲပါမယ္ဆိုတဲ့ ခန႔္မွန္းခ်က္က မွားယြင္းသြားခဲ့ပါၿပီ။ Waterdrop Notch ပါဝင္လာၿပီး In-Display Fingerprint Scanner ကိုပဲ အားကိုးသြားမလား၊ Mate 20 Pro မွာလို 3D Face Unlock စနစ္နဲ႕ အတူ သမားရိုးက် Notch ဒီဇိုင္းကိုပဲ ျမင္ေတြ႕ရမလား ဆိုတာကိုေတာ့ တရားဝင္ Launch လုပ္ေတာ့မွပဲ ေစာင့္ၾကည့္ရမွာပါ။

Ref: Gizmo China

Unicode

P30 Pro ရဲ့ Hands-on ပုံရိပ်များ ပေါ်ထွက်လာ

Huawei ဟာ သူ့ရဲ့ Flagship Series ဖြစ်တဲ့ P Series ရဲ့ နောက်ဆုံးထွက် P30 Series ကို ၂၀၁၉ နှစ်စပိုင်းမှာပဲ မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာရှိတဲ့ Huawei ကုမ္ပဏီအခွဲရဲ့ သတင်းထုတ်ပြန်ချက်တွေပေါ် အခြေခံပြီးတော့လည်း P30 Series ကို မတ်လအကုန်မှာ မိတ်ဆက်မယ်လို့လည်း သိရပါတယ်။ P30 Series မှာ P30, P30 Pro နဲ့ P30 Lite ဆိုပြီး အမျိုးကွဲသုံးခု ပါဝင်မှာပါ။ P30 Pro ကတော့ အဆိုပါ ဖုန်းသုံးလုံးထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်ပြီး စျေးလည်း အမြင့်ဆုံး မော်ဒယ်ပါ။

နာမည်အကြီးဆုံး မော်ဒယ်ဖြစ်တာကြောင့် ကျန်တဲ့ ဖုန်းနှစ်လုံးထက် ပေါက်ကြားလာတဲ့ ပုံတွေအတော်များနေပါတယ်။ အခုနောက်ဆုံးပေါက်ကြားလာတဲ့ P30 Pro ရဲ့ ပုံကတော့ အရင် ပေါက်ကြားလာတဲ့ ပုံတွေလိုမျိုး ကွန်ပြူတာ ဂရပ်ဖစ် ဆော့ဖ်ဝဲလ်တွေ အသုံးပြုပြီး ရေးဆွဲထားတဲ့ ပုံတွေ မဟုတ်ပဲနဲ့ တစ်ကယ့် အပြင်ဘက်လောကမှာ မြင်ရတဲ့ Hands-on ပုံတွေပါပဲ။

ပေါက်ကြားလာတဲ့ ပုံတွေဟာ P30 Pro ရဲ့ တစ်ကယ့် အစစ်အမှန် ဒီဇိုင်းပုံရိပ်တွေပါ။ ဒါပေမယ့်လည်း တစ်ကယ့် လုပ်ဆောင်ချက် အပြည့်အစုံနဲ့ ဖုန်းတစ်လုံးမဖြစ်နိုင်ဘဲ အရုပ်ဖုန်း (သို့မဟုတ်) Display အသေနဲ့ Demo ဖုန်းတစ်လုံးသာ ဖြစ်နိုင်ပါတယ်။ အဆိုပါ ပုံရိပ်တွေဟာ နာမည်ကြီး နည်းပညာ ဝဘ်ဆိုက်ဖြစ်တဲ့ Digital Trend ကနေ ထွက်ပေါ်လာတာဖြစ်ပြီး Huawei ရဲ့ ခွင့်ပြုချက်အရ လူအများ စိတ်ဝင်စားစေဖို့ ရည်ရွယ်ပြီး တမင်တကာ ပေါက်ကြားစေခဲ့တာဖြစ်နိုင်ပါတယ်။ Digital Trend ရဲ့ ပြောကြားချက်အရတော့ P30 Pro ရဲ့ အရှေ့ဘက် မျက်နှာပြင် ဒီဇိုင်းကို ဖော်ပြဖို့ Huawei ဘက်က ခွင့်မပြုဘူးလို့ ဆိုပါတယ်။

အဆိုပါပုံတွေအရ ဖုန်းရဲ့နောက်ကျောဘက်မှာ P20 Pro လိုပဲ ဒေါင်လိုက် အနေအထားနဲ့ တပ်ဆင်ပေးထားတဲ့ ကင်မရာ သုံးလုံးတွဲ စနစ်ကို တွေ့ရပါတယ်။ P20 Pro နဲ့ မတူတော့တဲ့ အချက်ကတော့ တတိယ ကင်မရာက သပ်သပ် ခွဲထွက်မနေတော့ပဲ ကင်မရာ သုံးလုံးစလုံးကို Lens Cover တစ်ခုတည်းအောက်မှာ တပ်ဆင်ထားတာပါ။ ကင်မရာတွေရဲ့ အောက်မှာတော့ “Vogue” နဲ့ “Link” ဆိုတဲ့ စာသားတွေကို တွေ့ရပါတယ်။ “Vogue” ကတော့ ဖုန်းရဲ့ ကုဒ်နာမည်ဖြစ်ပြီး အမှန်တစ်ကယ် ပွဲထုတ်တဲ့ အခါကျရင်တော့ “Link” ဆိုတဲ့ စကားလုံးနေရာမှာ “Leica” ကို အစားထိုးရေးသားထားမှာပါ။

ဖုန်းတစ်လုံးလုံးရဲ့ ထောင့်ချိုးဒီဇိုင်းတွေဟာ Mate 20 Pro နဲ့ ဆင်တူနေပြီး ကင်မရာ အထားအသိုတွေကတော့ P20 Pro ရဲ့ ဒီဇိုင်းအငွေ့အသက်နဲ့ ကင်လွတ်ခြင်းမရှိသေးပါဘူး။ အစောပိုင်း ခန့်မှန်းချက်တွေအရတော့ P30 Pro မှာ Waterdrop Notch နဲ့ နောက်ကျောဘက် ကင်မရာလေးလုံးတွဲ ပါဝင်မယ်လို့ သိခဲ့ရပေမယ့် အခုပုံရိပ်တွေအရတော့ ကင်မရာလေးလုံးတွဲပါမယ်ဆိုတဲ့ ခန့်မှန်းချက်က မှားယွင်းသွားခဲ့ပါပြီ။ Waterdrop Notch ပါဝင်လာပြီး In-Display Fingerprint Scanner ကိုပဲ အားကိုးသွားမလား၊ Mate 20 Pro မှာလို 3D Face Unlock စနစ်နဲ့ အတူ သမားရိုးကျ Notch ဒီဇိုင်းကိုပဲ မြင်တွေ့ရမလား ဆိုတာကိုတော့ တရားဝင် Launch လုပ်တော့မှပဲ စောင့်ကြည့်ရမှာပါ။

Ref: Gizmo China