Android User တိုင်းဟာ Android OS ကိုသဘောကျကြတဲ့အကြောင်းရင်းမြောက်များစွာရှိပါတယ်။ အဲ့ဒီအကြောင်းရင်းတွေထဲမှာ Android OS ရဲ့User တွေစိတ်ကြိုက် Customize လုပ်နိုင်လို့ဆိုတဲ့အကြောင်းရင်းကြောင့်လည်းပါပါတယ်။ Android User တွေဟာ တစ်ခြား အပြုင် iOS နဲ့မတူပဲ ကိုယ်သဘောကျတဲ့ ဘယ် Third Party Apps မဆိုရွေးချယ်သုံးနိုင်တယ်။ ကိုယ့်ရဲ့ App Launcher သို့မဟုတ် Home Screen ဆိုတဲ့ App ကို ကိုယ်ကြိုက်တဲ့ အခြား Third Party Launcher တွေကို စိတ်ကြိုက် အစားထိုးသုံးနိုင်တယ်။ Android User တိုင်းလိုလို Third Party Launcher တွေသုံးခဲ့ကြပါမှာ။ ရာဂဏန်းချီပြီးတော့ Launcher App မျိုးစုံရှိပါတယ်။ ဒါပေမယ့် တော်တော်များများက အဆင်မပြေကြပါဘူး။ Paid App မဟုတ်ရင် ကြော်ညာတွေဝင်မယ်။ Full Functionality မရဘူး။ အဲ့လို ပြဿနာလေးတွေရှိပါတယ်။ အခုပြောပြပေးသွားမယ့် Android Launcher လေးကတော့ သုံးရတာ တော်တော်အဆင်ပြေပါတယ်။ Ads လို့ခေါ်တဲ့ ကြော်ညာတွေကို ကျွန်တော်သုံးနေတဲ့သက်တမ်းတစ်လျောက် မတွေ့ရသလောက်ကို သုံးရတာ အဆင်ပြေပါတယ်။
အဲ့ဒီ Launcher App လေးနာမည်က Evie ပါ။ Google Playstore အပြင် တစ်ခြား App Store တွေမှာပါအလွယ်တစ်ကူရှာနိုင်ပါတယ်။ လိုချင်တဲ့သူတွေအတွက်လည်း ပိုအဆင်ပြေအောင် ဒီ Article အောက်မှာ Link လေးတွေပေးထားပါမယ်။ ဒီ App လေးရဲ့ System ပိုင်းလိုအပ်ချက်တွေကတော့ Android 5.0 (Lollipop) နဲ့အထက် ဖြစ်ပြီး Dual Core CPU ဆိုတော့ အခုနောက်ပိုင်းထွက် ဘယ် Android ဖုန်းမှာဆိုထည့်သွင်းနိုင်ပါတယ်။ သူရဲ့အသွင်းအပြင်ပိုင်းက Pure Android Oreo ရဲ့ Original Launcher Design ကိုမှီငြမ်းထားတာဖြစ်ပြီး Original Launcher မှာတောင်မပါတဲ့ Feature တွေကိုထည့်သွင်းပေးထားပါတယ်။
Home Screen မှာ Application Dock ဆိုတဲ့ ကိုယ်အဓိက သုံးမယ့် Application တွေကိုတင်ထားနိုင်တဲ့ အတန်းလေးပါမယ်။ Home Screen ကနေ Application Dock လေးကို အပေါ်ဆွဲတင်လိုက်ရင် ကိုယ်သွင်းထားတဲ့ Application တွေအကုန်လုံးကိုမြင်ရမယ့် Application Drawer လေးကိုတွေ့မယ်။ တစ်ခြား Launcher တွေနဲ့မတူ တဲ့ သူ့ရဲ့ထူးခြားချက်က Application Arrangement လို့ခေါ်တဲ့ Application Icon တွေကို စီထားတဲ့ပုံစံကို Vertical Style Listing ဒေါင်လိုက်တစ်ခုချင်းဆီစီထားနိုင်သလို၊
Launcher အများစုသုံးတဲ့ Grid Style Listing အဖြစ်လည်းထားနိုင်တယ်။
Vertical ပုံစံထားလိုက်တဲ့အတွက် လက်တစ်ဘက်တည်းနဲ့သုံးရတာ တော်တော်အဆင်ပြေပါတယ်။ Vertical, Grid ချိန်းတဲ့ Button ကလည်း လက်လှမ်းမှီတဲ့နားမှာရှိလို့တော်တော်အဆင်ပြေပါမယ်။ ဒါပေမယ့် လူအများစုဖြစ်တဲ့ ညာသန်တွေအတွက်ပဲအဆင်ပြေပါလိမ့်မယ်။ ဒါကတော့သူတို့ရဲ့ အားနည်းချက်ပါ။ နောက်လာမယ့် Future မှာ Left Handed Support လေးထည့်ပေးလာနိုင်ပါတယ်။
Home Screen ကနေ အောက်ကိုဆွဲချလိုက်ရင် ဘက်စုံရှာဖွေနိုင်တဲ့ iOS လိုမျိုး Search Bar လေးကျလာမှာပါ။ အဲ့ဒီ Bar မှာကိုယ်ရဲ့ App တွေ Music တွေ Video တွေအပြင် Google Search အဖြစ်ပါသုံးလို့ရသေးလို့ တော်တော်ကို အဆင်ပြေပါတယ်။
ကိုယ့် System ရဲ့ Default Icon Design တွေကိုသဘောမကျရင် ကိုယ့်စိတ်ကြိုက် App Store တွေကနေ Icon Pack တွေယူပြီး အလွယ်တစ်ကူ ပြောင်းလဲနိုင်ပါသေးတယ်။
Wallpaper ပိုင်းကတော့ Google Wallpaper ကို သုံးစေချင်ပါတယ်။ Google Wallpaper အကြောင်းနောက် Article တွေမှာ ပြောပြသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါ။
Android Nougat နဲ့ Oreo သုံးတဲ့သူတွေကတော့ Icon တွေကိုဖိလိုက်တာနဲ့ iPhone တွေလို Force Touch သဘောမျိုး App Shortcut တွေကို တွေ့ရမှာပါ။ ကိုယ်ရုတ်တရက်ဖုန်းခေါ်ချင်တာမျိုးရှိလာခဲ့ရင် ခနခန ခေါ်ဖူးတဲ့ ဖုန်း Number တွေကို ဖုန်းခေါ်တဲ့ Phone Icon လေးကိုဖိပြီး မြင်နိုင်ပါတယ်။ အဲ့ဒီ Number ကိုနှိပ်လိုက်တာနဲ့ တန်းခေါ်ပါပြီ။ Phone App ထဲဝင်နေစရာမလိုတော့ဘူး။ ဒီ Feature ကတော့ System ပိုင်းပေါ်မူတည်လို့ ဖုန်းတိုင်းတော့ Support ပေးနိုင်မှာမဟုတ်ပါဘူး။ Evie Launcher ကို အောက်က Link တွေမှာရယူနိုင်ပါတယ်။
Playstore Link: https://play.google.com/store/apps/details?id=is.shortcut
Apk Pure Link: https://apkpure.com/p/is.shortcut