Zawgyi

Redmi Note 7 ဟာ Xiaomi ရဲ႕ Brand အခြဲ အသစ္ စက္စက္ျဖစ္တဲ့ Redmi ကေန ထုတ္လိုက္တဲ့ ပထမဆုံး ဖုန္းပါ။ 48MP ပမာဏရွိတဲ့ Samsung ရဲ႕ GM1 ကင္မရာ ႀကီးကို တပ္ဆင္ေပးထားလို႔ ဓာတ္ပုံေတြကို ႐ုပ္ထြက္ေကာင္းေကာင္းနဲ႕ ရိုက္ကူးနိုင္မယ္ ဆိုၿပီး စမတ္ဖုန္း ေလာကမွာ နာမည္ႀကီးေနတဲ့ ဖုန္းတစ္လုံးျဖစ္ပါတယ္။ မၾကာေသးခင္ကမွ ကုမၸဏီကေနၿပီး Redmi Note 7 အတြက္ Super Night Scene Mode ရရွိေစမယ္လို႔ ကတိေပးခဲ့ပါတယ္။ Super Night Scene Mode ဟာ ညဘက္ရိုက္တဲ့ ပုံေတြကို ပိုလင္းေအာင္၊ ႐ုပ္ထြက္ပိုေကာင္းေအာင္ ကူညီေပးတဲ့ Software တစ္ခုပါ။ အခုဆိုရင္ ကတိေပးထားတဲ့ အတိုင္းပဲ Redmi Note 7 အတြက္ Super Night Scene Mode ဟာ ေနာက္ဆုံးထြက္ Software Update နဲ႕ အတူ ေရာက္ရွိလို႔ လာပါၿပီ။

အဆိုပါ Night Scene Mode ကို Mi Mix 3 မွာ စတင္ မိတ္ဆက္ခဲ့တာျဖစ္ၿပီး Mi 8 Pro နဲ႕ Mix 2s တို႔အတြက္လည္း Software Update နဲ႕ အတူ ထြက္ရွိလာခဲ့ပါေသးတယ္။ Super Night Scene Mode ဟာ အေပၚမွာ ေျပာသြားသလိုပဲ ညဘက္ အလင္းအားနည္းတဲ့ အခ်ိန္မွာေတာင္ ပုံေတြကို HDR အဆင့္နဲ႕ ရိုက္ကူးနိုင္ေစမွာပါ။ Super Night Scene Mode ရဲ႕ အလုပ္လုပ္ပုံကေတာ့ မတူညီတဲ့ Exposure Level နဲ႕အတူ မတူညီတဲ့ ပုံေပါင္းမ်ားစြာရိုက္ကူးၿပီး အဆိုပါ ပုံေတြကို တစ္ပုံတည္း အျဖစ္ျပန္ေပါင္းစည္းကာ လင္းနိုင္သမွ်လင္းတဲ့၊ Noise နည္းနိုင္သမွ်နည္းတဲ့ ပုံေကာင္းတစ္ပုံကို ထုတ္ေပးတာပါ။

အဆိုပါ Super Night Scene ဟာ ေနာက္ဆုံးထုတ္ OTA Update နဲ႕ အတူ ထြက္ေပၚလာတာျဖစ္လို႔ MIUI Setting ထဲကေန OTA Update ရယူနိုင္ပါတယ္။ Redmi Note 7 ဟာ စြမ္းေဆာင္ရည္ ျမင့္မားတဲ့ 48MP ရွိ Samsung ရဲ႕ ISOCELL GM1 Ultra Clear Sensor ကို အသုံးျပဳထားတာေၾကာင့္ ေနာက္ထပ္ ထြက္လာမယ့္ Software Update ေတြနဲ႕ အတူ ကင္မရာ စြမ္းေဆာင္ရည္ကို ထပ္မံ တိုးျမႇင့္သြားနိုင္ပါတယ္။ Samsung ရဲ႕ ISOCELL GM1 Sensor ဟာ HUAWEI ရဲ႕ P20 နဲ႕ Mate 20 Series ေတြမွာ အသုံးျပဳထားတဲ့ Sony IMX600 Sensor နဲ႕ ယွဥ္ရင္ ဒုတိယေနရာမွာရွိၿပီး Nova 4 ရဲ႕ Sony IMX586 Sensor နဲ႕ စြမ္းေဆာင္ရည္ မတိမ္းမယိမ္းတူတယ္လို႔ ဆိုပါတယ္။

Ref: Gizmo China

Unicode

Software Update အသစ်နဲ့ အတူ Super Night Scene ရသွားပြီ ဖြစ်တဲ့ Redmi Note 7

Redmi Note 7 ဟာ Xiaomi ရဲ့ Brand အခွဲ အသစ် စက်စက်ဖြစ်တဲ့ Redmi ကနေ ထုတ်လိုက်တဲ့ ပထမဆုံး ဖုန်းပါ။ 48MP ပမာဏရှိတဲ့ Samsung ရဲ့ GM1 ကင်မရာ ကြီးကို တပ်ဆင်ပေးထားလို့ ဓာတ်ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မယ် ဆိုပြီး စမတ်ဖုန်း လောကမှာ နာမည်ကြီးနေတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကုမ္ပဏီကနေပြီး Redmi Note 7 အတွက် Super Night Scene Mode ရရှိစေမယ်လို့ ကတိပေးခဲ့ပါတယ်။ Super Night Scene Mode ဟာ ညဘက်ရိုက်တဲ့ ပုံတွေကို ပိုလင်းအောင်၊ ရုပ်ထွက်ပိုကောင်းအောင် ကူညီပေးတဲ့ Software တစ်ခုပါ။ အခုဆိုရင် ကတိပေးထားတဲ့ အတိုင်းပဲ Redmi Note 7 အတွက် Super Night Scene Mode ဟာ နောက်ဆုံးထွက် Software Update နဲ့ အတူ ရောက်ရှိလို့ လာပါပြီ။

အဆိုပါ Night Scene Mode ကို Mi Mix 3 မှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး Mi 8 Pro နဲ့ Mix 2s တို့အတွက်လည်း Software Update နဲ့ အတူ ထွက်ရှိလာခဲ့ပါသေးတယ်။ Super Night Scene Mode ဟာ အပေါ်မှာ ပြောသွားသလိုပဲ ညဘက် အလင်းအားနည်းတဲ့ အချိန်မှာတောင် ပုံတွေကို HDR အဆင့်နဲ့ ရိုက်ကူးနိုင်စေမှာပါ။ Super Night Scene Mode ရဲ့ အလုပ်လုပ်ပုံကတော့ မတူညီတဲ့ Exposure Level နဲ့အတူ မတူညီတဲ့ ပုံပေါင်းများစွာရိုက်ကူးပြီး အဆိုပါ ပုံတွေကို တစ်ပုံတည်း အဖြစ်ပြန်ပေါင်းစည်းကာ လင်းနိုင်သမျှလင်းတဲ့၊ Noise နည်းနိုင်သမျှနည်းတဲ့ ပုံကောင်းတစ်ပုံကို ထုတ်ပေးတာပါ။

အဆိုပါ Super Night Scene ဟာ နောက်ဆုံးထုတ် OTA Update နဲ့ အတူ ထွက်ပေါ်လာတာဖြစ်လို့ MIUI Setting ထဲကနေ OTA Update ရယူနိုင်ပါတယ်။ Redmi Note 7 ဟာ စွမ်းဆောင်ရည် မြင့်မားတဲ့ 48MP ရှိ Samsung ရဲ့ ISOCELL GM1 Ultra Clear Sensor ကို အသုံးပြုထားတာကြောင့် နောက်ထပ် ထွက်လာမယ့် Software Update တွေနဲ့ အတူ ကင်မရာ စွမ်းဆောင်ရည်ကို ထပ်မံ တိုးမြှင့်သွားနိုင်ပါတယ်။ Samsung ရဲ့ ISOCELL GM1 Sensor ဟာ HUAWEI ရဲ့ P20 နဲ့ Mate 20 Series တွေမှာ အသုံးပြုထားတဲ့ Sony IMX600 Sensor နဲ့ ယှဉ်ရင် ဒုတိယနေရာမှာရှိပြီး Nova 4 ရဲ့ Sony IMX586 Sensor နဲ့ စွမ်းဆောင်ရည် မတိမ်းမယိမ်းတူတယ်လို့ ဆိုပါတယ်။

Ref: Gizmo China