Zawgyi

Xiaomi ကေန လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ေစာင့္ေမွ်ာ္မႈမ်ားျပားတဲ့ Redmi Note 8 Series စမတ္ဖုန္းေတြကို မိတဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ Xiaomi ကိုယ္တိုင္ကလည္း Redmi Note 8 Pro ရဲ႕ Camera ၊ Design ပိုင္းေတြကို Teaser ေတြထုတ္ေနသလိုပဲ အခုလည္း Redmi Note 8 Pro ရဲ႕ Antutu Benchmark က ေပါက္ၾကားလာခဲ့ပါၿပီ။

အခု Antutu Benchmark အရ Redmi Note 8 Pro မွာ အသုံးျပဳထားတဲ့ MediaTek Helio G90T Processor က 281,033 Marks ရရွိခဲ့တာျဖစ္ပါတယ္။ ဒီရမွတ္က လက္ရွိ Snapdragon 710 Processor ထက္ေတာင္ သိသိသာသာမ်ားျပားေနတာျဖစ္ၿပီးေတာ့ အေစာပိုင္းတုန္းက သတင္းေပါက္ၾကားခဲ့ဖူးတဲ့ MediaTek Helio G90 Processor ရဲ႕ 222,282 Marks ထက္လည္း အမ်ားႀကီး ပိုသာေနတာပါ။

ဒါေပမယ့္ Redmi Note 8 Pro ရဲ႕ Antutu Benchmark က Huawei ကေန အသစ္မိတ္ဆက္ထားတဲ့ Kirin 810 Processor ထက္ေတာ့ အနည္းငယ္အားနည္းေနပါေသးတယ္။ ဘာေၾကာင့္လဲဆိုရင္ Kirin 810 Processor အသုံးျပဳထားတဲ့ Honor 9X စမတ္ဖုန္းက Antutu Benchmark မွာ 301,419 Marks အထိရရွိထားတာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Redmi Note 8 Pro က ေစ်းပိုသက္သာႏိုင္သလို Mid Range ဖုန္းတစ္ခုအေနနဲ႔ အထင္ႀကီးစရာစြမ္းေဆာင္ရည္ရွိေနတယ္ဆိုတာကေတာ့ ျငင္းလို႔မရပါဘူး။

MediaTek Helio G90T ဟာ Gaming Processor တစ္ခုျဖစ္ၿပီးေတာ့ Cellular Network ကို ပိုစြမ္းေဆာင္ရည္ေကာင္းေအာင္ျပဳလုပ္ေပးမယ့္ HyperEngine နဲ႔ Wi-Fi Network ၂ ခုကို တၿပိဳင္နက္ထဲ ခ်ိတ္ဆက္ႏိုင္တဲ့ Dual Wi-Fi လို Feature ေတြပါဝင္မွာျဖစ္ပါတယ္။ Specification ပိုင္းအရဆိုရင္ေတာ့ 12nm FinFET Node Design နဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး Cortex-A76 Cores ၂ ခုနဲ႔ Cortex-A55 Cores ၆ ခုပါဝင္မွာျဖစ္ပါတယ္။ Graphic ပိုင္းအတြက္ကေတာ့ ARM Mali-G76 GPU ကို အသုံးျပဳထားတာျဖစ္ၿပီး Antutu Graphic Score မွာ 80,000 Marks နီးပါး ရရွိထားေတာ့ မဆိုးဘူးလို႔ေျပာရမွာပါ။

ဘာပဲျဖစ္ျဖစ္ Redmi Note 8 Pro က Snapdragon Processor အစား MediaTek Helio G90T Processor ကို သုံးလာတယ္ဆိုေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ တျခားၿပိဳင္ဘက္ေတြထက္ သာေနဦးမွာပါ။

Ref – Gizmo China

Unicode

Xiaomi ကနေ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ စောင့်မျှော်မှုများပြားတဲ့ Redmi Note 8 Series စမတ်ဖုန်းတွေကို မိတဆက်သွားတော့မှာ ဖြစ်ပါတယ်။ Xiaomi ကိုယ်တိုင်ကလည်း Redmi Note 8 Pro ရဲ့ Camera ၊ Design ပိုင်းတွေကို Teaser တွေထုတ်နေသလိုပဲ အခုလည်း Redmi Note 8 Pro ရဲ့ Antutu Benchmark က ပေါက်ကြားလာခဲ့ပါပြီ။

အခု Antutu Benchmark အရ Redmi Note 8 Pro မှာ အသုံးပြုထားတဲ့ MediaTek Helio G90T Processor က 281,033 Marks ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရမှတ်က လက်ရှိ Snapdragon 710 Processor ထက်တောင် သိသိသာသာများပြားနေတာဖြစ်ပြီးတော့ အစောပိုင်းတုန်းက သတင်းပေါက်ကြားခဲ့ဖူးတဲ့ MediaTek Helio G90 Processor ရဲ့ 222,282 Marks ထက်လည်း အများကြီး ပိုသာနေတာပါ။

ဒါပေမယ့် Redmi Note 8 Pro ရဲ့ Antutu Benchmark က Huawei ကနေ အသစ်မိတ်ဆက်ထားတဲ့ Kirin 810 Processor ထက်တော့ အနည်းငယ်အားနည်းနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် Kirin 810 Processor အသုံးပြုထားတဲ့ Honor 9X စမတ်ဖုန်းက Antutu Benchmark မှာ 301,419 Marks အထိရရှိထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Redmi Note 8 Pro က စျေးပိုသက်သာနိုင်သလို Mid Range ဖုန်းတစ်ခုအနေနဲ့ အထင်ကြီးစရာစွမ်းဆောင်ရည်ရှိနေတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

MediaTek Helio G90T ဟာ Gaming Processor တစ်ခုဖြစ်ပြီးတော့ Cellular Network ကို ပိုစွမ်းဆောင်ရည်ကောင်းအောင်ပြုလုပ်ပေးမယ့် HyperEngine နဲ့ Wi-Fi Network ၂ ခုကို တပြိုင်နက်ထဲ ချိတ်ဆက်နိုင်တဲ့ Dual Wi-Fi လို Feature တွေပါဝင်မှာဖြစ်ပါတယ်။ Specification ပိုင်းအရဆိုရင်တော့ 12nm FinFET Node Design နဲ့ ပြုလုပ်ထားတာဖြစ်ပြီး Cortex-A76 Cores ၂ ခုနဲ့ Cortex-A55 Cores ၆ ခုပါဝင်မှာဖြစ်ပါတယ်။ Graphic ပိုင်းအတွက်ကတော့ ARM Mali-G76 GPU ကို အသုံးပြုထားတာဖြစ်ပြီး Antutu Graphic Score မှာ 80,000 Marks နီးပါး ရရှိထားတော့ မဆိုးဘူးလို့ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် Redmi Note 8 Pro က Snapdragon Processor အစား MediaTek Helio G90T Processor ကို သုံးလာတယ်ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ တခြားပြိုင်ဘက်တွေထက် သာနေဦးမှာပါ။

Ref – Gizmo China