OpenAI ရဲ့ ChatGPT ဟာ လက်ရှိအချိန်မှာ တခြားသော နာမည်ကြီးကုမ္ပဏီကြီးပါ ကိုယ်ပိုင် AI Model အသစ်တွေနဲ့ လိုက်ယှဥ်ပြိုင်နေရတဲ့ အကောင်းဆုံး AI တစ်ခုဖြစ်ပါတယ်။ အခုလို လိုက်ပြီး ယှဥ်ပြိုင်နေတဲ့ ကုမ္ပဏီတွေထဲမှာ Microsoft ၊​ Google နဲ့ Adobe လိုမျိုး ကုမ္ပဏီတွေပါဝင်ပြီး အကောင်းဆုံးက Microsoft ကထုတ်ထားတဲ့ Bing AI လို့ ဆိုနိုင်ပါတယ်။

Microsoft Bing AI ရဲ့ အားသာချက်က Edge Browser မှာ အလွယ်တကူအသုံးပြုနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Microsoft ပိုင်ဆိုင်တဲ့ Keyboard Application တစ်ခုဖြစ်တဲ့ SwiftKey မှာပါ အလွယ်တကူအသုံးပြုနိုင်အောင် Update ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း အဆိုပါ SwiftKey Keyboard Version အသစ် Version 9.10.11.10 နဲ့အတူ အသုံးပြုသူတွေ ပိုပြီး လွယ်ကူစွာ အသုံးပြုနိုင်အောင် ထပ်မံ Update ပြုလုပ်လိုက်ပါတယ်။

ဒါက Samsung Galaxy ဖုန်းတွေနဲ့ တခြားသော Device တွေမှာ Microsoft SwiftKey Keyboard ကို Default အနေနဲ့ ထည့်သွင်းပေးထားပြီး အခုအချိန်မှာ အဆိုပါ SwitftKey Keyboard ကတစ်ဆင့် Bing AI ကို Samsung Galaxy Device တွေမှာ အလွယ်တကူအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် စာရိုက်နေရင်းနဲ့ Keyboard အပေါ်ဘက်က Bar မှာ Bing AI ကို စိတ်ကြိုက်မေးခွန်းတွေ မေးနိုင်တော့မှာပါ။

Samsung Galaxy Device တွေမှာ ပါဝင်လာမယ့် Bing AI ကို အဓိက Search ၊​ Chat နဲ့ Tone ဆိုပြီး Feature ၃ မျိုးကို အဓိက အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုသူစိတ်ကြိုက် ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို Samsung Galaxy Device တွေမှာ Default အနေနဲ့ပါဝင်လာတာက Bing AI အသုံးပြုသူတွေပိုမို များပြားလာမယ်လို့ ခန့်မှန်းရပါတယ်။

Samsung ဟာ အခု Microsoft SwiftKey Keyboard တင် Galaxy Device တွေမှာ Default အနေနဲ့ ထည့်သွင်းပေးနေတာမဟုတ်ဘဲ တချို့ Device တွေမှာပါ စတင်ပြီး Google Search Engine ကို Bing နဲ့ အစားထိုးပြောင်းလဲထည့်သွင်းနေပြီဖြစ်ပါတယ်။ ဒါကြောင့် Samsung နဲ့ Microsoft ရဲ့ ပူးပေါင်းမှုက ဘယ်လောက်ထိတိုးတက်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China