လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များ အရ Samsung အနေနဲ့ Flagship စီးရီး စမတ်ဖုန်း မော်ဒယ် တစ်ခု ဖြစ်တဲ့ Galaxy S10 ကို နောက်နှစ် အစောပိုင်းမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေတာ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Samsung အနေနဲ့ အရင်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ S Series မော်ဒယ်တွေ နဲ့ မတူပဲ Galaxy S10 Series ကို S10, S10+ တို့အပြင် Mid-Range မော်ဒယ် တစ်ခု ဖြစ်တဲ့ Glaxy S10 Lite စတဲ့ မော်ဒယ် သုံးမျိုး အနေနဲ့ မိတ်ဆက်သွားနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် Galaxy S10 Series ရဲ့ High-End မော်ဒယ် နှစ်ခု ဖြစ်တဲ့ Galaxy S10 နဲ့ S10+ တို့မှာ Ultrasonic In-Display Fingerprint Sensor ကို အသုံးပြုသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ In-Display Fingerprint နည်းပညာဟာ သိပ်ပြီး ထူးဆန်းတဲ့ နည်းပညာ တစ်ခုတော့ မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေ ဖြစ်တဲ့ Vivo Nex, Mi 8 EE, Huawei Mate RS တို့မှာ In-Display Fingerprint Sensor တွေ အသုံးပြုထားတာကို မြင်တွေ့နိုင်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Samsung Galaxy S10 နဲ့ S10+ တို့မှာ အသုံးပြုသွားမယ့် Ultrasonic In-Display Fingerprint Sensor ဟာ Vivo Nex, Mi 8EE တို့မှာ အသုံးပြုထားတဲ့ Synaptics ရဲ့ In-Display Fingerprint Sensor၊ Huawei Mate RS မှာ အသုံးပြုထားတဲ့ Goodix ရဲ့ In-Display Fingerprint Sensor တွေထက် ပိုမို မြန်ဆန်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung အတွက် Ultrasonic In-Display Fingerprint Sensor ကို ထိုင်ဝမ် နိုင်ငံ အခြေစိုက် General Interface Solution (GIS) မှ ထုတ်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ GIS ရဲ့ Ultrasonic In-Display Fingerprint Sensor တွေကို ၆.၁ လက်မ အရွယ်အစားရှိ AMOLED Display အသုံးပြုထားတဲ့ Samsung Galaxy S10၊ ၆.၄ လက်မ အရွယ်အစားရှိ AMOLED Display အသုံးပြုထားတဲ့ Samsung Galaxy S10+ တို့မှာ မြင်တွေ့ရမှာ ဖြစ်ပြီး၊ ၅.၈ လက်မ Display အသုံးပြု Mid-Range စမတ်ဖုန်း Samsung Galaxy S10 Lite မော်ဒယ်မှာတော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

Samsung အနေနဲ့ Galaxy S10 နဲ့ S10+ မော်ဒယ် နှစ်ခု ကို အရေအတွက် သန်း၄၀ နီးပါး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပြီး S10 Lite မော်ဒယ်ကိုတော့ ၄သန်းခန့်သာ ထုတ်လုပ် ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China