Apple ဟာ WWDC 2021 မှာ ကြေညာချက်များစွာကို ၂ နာရီနီးပါးကြာအောင် ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်အားလုံးကိုတော့ မပြောသွားနိုင်ခဲ့ပါဘူး။ WWDC 2021 မှာ Apple မပြောသွားတဲ့ iOS 15 ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁၂ ခုကို ပြောပြချင်ပါတယ်။

Voice Memos Silence

Voice Memos က သင့် Audio Recording တွေကို ခွဲခြမ်းစိတ်ဖြာပြီး အသံလွတ်နေတဲ့ နေရာတွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖျက်ပေးမှာပါ။

New Widgets

Apple ဟာ Find My, Game Center, App Store Today, Sleep, Mail နဲ့ People with Family Sharing integration တွေအတွက် Widgets အသစ်တွေ ထည့်ပေးထားပါတယ်။

Siri Sharing

Offline သုံးလို့ရလာတဲ့အပြင် Siri ဟာ သင့် Screen က ဓါတ်ပုံ၊ ဝက်ဘ်ဆိုက်စာမျက်နှာ၊ သတင်း စတာတွေကို Share လုပ်ပေးလာနိုင်ပါတယ်။ Share လုပ်လို့ မရရင် Siri က Screenshot ပို့ပေးမှာပါ။

FaceTime Mute Alerts

FaceTime မှာ မတော်တဆ Mute လုပ်မိရင် သင့်ကို အသိပေးမှာ ဖြစ်ပြီး အသိပေးစာကို နှိပ်ကာ ချက်ချင်း Unmute လုပ်နိုင်ပါတယ်။

Spotlight Everywhere

တစ်စုံတစ်ခုကို ရှာချင်ရင် Lock Screen သို့မဟုတ် Notification Center ကို အောက်ကို ဆွဲချကာ Spotlight ကို ဖွင့်နိုင်ပါတယ်။

COVID-19 Vaccine Passport

iOS 15 မှာ COVID-19 ဆေးထိုးပြီးကြောင်း ထောက်ခံစာက QR Code ကို Scan လုပ်ပြီး Health App မှာ သိမ်းထားလို့ရပါတယ်။

Apple Pay Coupons

Apple Pay မှာ UI ကို ပြောင်းလဲထားသလို Payment Sheet မှာ Coupon Codes တွေကို ထည့်သွင်းလို့ရလာပါတယ်။

Find My Separation Alerts

AirPods , AirTag တို့ကို သင် မေ့ကျန်ခဲ့ပြီဆိုရင် iPhone က သင့်ကို သတိပေးမှာ ဖြစ်ပြီး Find My က အဲဒီ ပစ္စည်းတွေရဲ့ တည်နေရာကို လမ်းညွှန်ပေးမှာပါ။

Drag and Drop

App တစ်ခုကနေ နောက်တစ်ခုဆီကို ဓါတ်ပုံ၊ Documents နဲ့ ဖိုင်တွေကို Drag and Drop ပြုလုပ်လာနိုင်ပါတယ်။

Built-in Authenticator

၂ ထပ် လုံခြုံရေးအတွက် Verification Code ထုတ်ပေးတဲ့ Authenticator ပါလာပါတယ်။ အဲဒါကို Settings ထဲက Passwords ထဲမှာ သုံးနိုင်ပါတယ်။

Dual Software Updates

iOS ရဲ့ Settings ထဲမှာ Software Update Versions ၂ မျိုးကို ရွေးချယ်နိုင်လာပါတယ်။ iOS 15 ထွက်ချိန်မှာ အင်စတောလုပ်နိုင်သလို iOS 14 ကိုပဲ ဆက်သုံးကာ အရေးကြီးတဲ့ Security Updates တွေကို ရယူနိုင်ပါတယ်။

Temporary iCloud Storage

iPhone အသစ်ဝယ်ပြီး သင့် ဒေတာတွေကို iCloud မှာ ပမာဏ ကြိုက်သလောက် အခမဲ့ ၃ ပတ်ကြာ ယာယီ သိမ်းနိုင်ပါတယ်။ Apps , Data နဲ့ Settings တွေကို အခကြေးငွေ ပေးစရာ မလိုဘဲ ယာယီ သိမ်းနိုင်တာက မိုက်ပါတယ်။

ref : macworld