Windows 11 Insiders တွေဟာ Microsoft က Windows 11 ကို ကြေညာတဲ့အချိန်ကစပြီး စမ်းသပ် အသုံးပြုခွင့်ရခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Windows 11 Beta ကို Dev Channel ကနေပဲ အင်စတောလုပ်လို့ရအောင် ပြုလုပ်ခဲ့ပါတယ်။ အခုတော့ Microsoft က Windows 11 Beta ကို Beta Channel ကနေ ဖြန့်ချိပေးလိုက်ပါပြီ။ Microsoft က အဲဒီ Build ကို သင့်ရဲ့ ပင်မ ပီစီမှာတောင် သုံးလို့ရလောက်အောင် စိတ်ချရတယ်လို့ ပြောပါတယ်။
Windows 11 Beta ကို အင်စတော လုပ်နည်း
Windows 10 ထည့်သွင်းထားတဲ့ Device အားလုံးမှာ Windows 11 ကို အင်စတောလုပ်လို့ မရပါဘူး။ Windows 11 ကို အင်စတောလုပ်ဖို့ လိုအပ်တဲ့ System Requirements ကို ဒီလင့်မှာ အရင် လေ့လာပါ။ ပြီးရင် အောက်ပါ နည်းလမ်း အတိုင်း အင်စတောလုပ်ပါ။
၁။ Settings > Update & Security > Windows Insider Program ထဲသွားပြီး Get Started ကို နှိပ်ပါ။
၂။ သင့် Microsoft အကောင့်နဲ့ ချိတ်ဆက်ပါ။
၃။ Beta Channel ကို ရွေးချယ်ပါ။
၄။ သင့် ပီစီကို Restart လုပ်ပါ။
၅။ Settings > Update & Security ကိုသွားပြီး Update ရပြီလားဆိုတာ စစ်ဆေးပါ။
၆။ ရပြီဆိုရင် အင်စတောလုပ်ပါ။
Ref: tnw