ပြီးခဲ့တဲ့ရက်အနည်းငယ် Oppo Find X ဖုန်းရဲ့ Teaser Image တစ်ခု Online မှာပြန့်နှံ့လာခဲ့ပါတယ်။ ဒါ့အပြင် Teaser Image မှာပါတဲ့ Oppo Find X ရဲ့ Specifications တွေဟာ OnePlus 6 ရဲ့ Specifications တွေနဲ့ အတော်လေး ဆင်တူနေတာ တွေ့ရပါတယ်။

Source: androidauthority.com

Oppo Find X ဟာဆိုရင် Oppo ရဲ့ ပထမဆုံး Flagship Device ဖြစ်လာမှာပါ။ ဒါ့ကြောင့်မို့လည်း ဖုန်းလောကမှာ အလားအလာကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာနိုင်တယ်ဆိုပြီး စောင့်ကြည့်ခံနေရတာပဲ ဖြစ်ပါတယ်။ Teaser Image အရတော့ Oppo Find X ဟာ Snapdragon 845 Chipset ကို 8GB RAM နဲ့ Storage 256GB သုံးထားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် 5x Zoom ပါတဲ့ Camera နဲ့ Fast Charging လည်းပါလာမယ်လို့ ဆိုပါတယ်။ Camera အနေနဲ့ကတော့ 16MP/20MP Dual-Camera နဲ့ 25MP Selfie Camera ကိုသုံးထားမှာဖြစ်ပြီး Battery အနေနဲ့ကတော့ 3645mAh ကိုသုံးထားမှာဖြစ်ပါတယ်။

 

Source: androidauthority.com

ဒီသတင်းသာ တကယ်ဖြစ်လာခဲ့ရင်တော့ Oppo Find X ဟာ OnePlus ရဲ့ Top-end ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus 6 နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးဆိုရင်ရော OnePlus 6 နဲ့ Oppo Find X ဘယ်ဖုန်းကိုပိုသဘောကျလဲ။