Xiaomi ကနေ လာမယ့် မေလ ၃၁ ရက်နေ့မှာ ကုမ္ပဏီရဲ့ ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲနဲ့ အတူ Xiaomi Mi 8 စမတ်ဖုန်းကိုပါ တရားဝင်ပြသသွားတော့မှာပဲဖြစ်ပါတယ်။ Xiaomi Mi 8 ဖုန်းအပြင် Mi 8 Special Edition ၊ Mi Band 3 နဲ့ MIUI 10 တွေလည်း အတူပြသသွားမယ်ဆိုတာကို Xiaomi က အတည်ပြုပြီးလည်းဖြစ်ပါတယ်။

Xiaomi Mi 8 စမတ်ဖုန်းဟာ လက်ရှိ ၂၀၁၈ ထုတ် Flagship စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာနိုင်ပြီးတော့ Qualcomm Snapdragon 845 Processor ၊ RAM 8GB အပြင် Storage က 256GB အထိ ပါဝင်နေမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Dual 20MP + 16MP Back Camera အပြင် 16MP Front Selfie Camera လည်းပါဝင်ဦးမှာပါ။ Battery အနေနဲ့တော့ 3300mAh Battery ပါဝင်မယ်လို့ သိရပါတယ်။

အခု အချိန်မှာတော့ Xiaomi က ကုမ္ပဏီရဲ့ ၈ နှစ်ပြည့်နဲ့ Mi 8 စမတ်ဖုန်းအတွက် စက္ကန့် ၃၀ စာ Teaser Video တစ်ခုကို ထုတ်ပေးလိုက်ပြီးတော့ အဓိကအနေနဲ့ Unlock ပြုလုပ်တာကို ပြသသွားတဲ့အတွက် In-Display Fingerprint Scanner က ကျိန်းသေသွားပြီဖြစ်ပြီးတော့ Water Resistant Feature လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဆိုရင်တော့ Xiaomi ရဲ့ ဒီနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းတစ်လုံးကို မြင်ရတော့မှာပါ။