Xiaomi ကနေ လာမယ့် မေလ ၃၁ ရက်နေ့မှာ ကုမ္ပဏီရဲ့ Flagship စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Mi 8 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ပေးသွားမယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုထပ်မံသိရတဲ့ သတင်းတွေအရတော့ Xiaomi က Mi 8 စမတ်ဖုန်းအပြင် MIUI Operating System အသစ်ဖြစ်တဲ့ MIUI 10 ကိုပါ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Xiaomi ရဲ့ ယခုကြေညာသွားမယ့် Event ကို တရုတ်နိုင်ငံ ရှန်ကျန်မြို့မှာပြုလုပ်သွားမှာဖြစ်တဲ့အတွက် အခု ထွက်ရှိလာမယ့် MIUI 10 ဟာလည်း Global ROM ထက် China ROM ပဲအရင်ရရှိလာဦးမယ်လို့ ယူဆရပါတယ်။

အခု Xiaomi ရဲ့ Weibo Account မှာတင်ထားခဲ့တဲ့ ဓါတ်ပုံအရတော့ “I will be faster than lightning” လို့ ရေးထားတဲ့အတွက် အခု MIUI 10 ဟာ ယခင်ထက် သိသိသာသာပိုပြီး မြန်ဆန်လာအောင် ပြုလုပ်ထားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Xiaomi ဟာ Mi 8 ကိုလည်း တခါတည်းမိတ်ဆက်သွားမှာဖြစ်တဲ့အတွက် Mi 8 စမတ်ဖုန်းက ပထမဆုံးအနေနဲ့ MIUI 10 ကို အသုံးပြုလာနိုင်တဲ့ စမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။