Apple ဟာ နည်းပညာ လောကမှာ ခေတ်ရှေ့ပြေးနေချင်တာနဲ့ အညီ Self-Driving ကား ထုတ်လုပ်နိုင်ဖို့အတွက် အတော်လေး အလေးအနက်ထားပြီး ဆောင်ရွက်နေပါတယ်။ တရားဝင်ကြေညာတာ မရှိသေးပေမယ့် Apple ဟာ ဒီတစ်ပတ်ထဲမှာပင် Self-Driving car တစ်စီးကို မြို့ထဲမှာ စမ်းသပ်မောင်းနှင် ခဲ့ပါတယ်။ ဒါ့အပြင် Apple ရဲ့ CEO ဖြစ်သူ Tim Cook ကလည်း Self-Driving Car တွေအတွက် လိုအပ်တဲ့ AI System တွေကို ထုတ်လုပ်မယ့် အကြောင်း ၂၀၁၇ တုန်းက ပြောဖူးပါတယ်။ အခုလည်း Volkswagen ပူးပေါင်းလိုက်ပြီ ဆိုပြီး သတင်းထွက်လာပါတယ်။

Source: Techradar

တခြား ထွက်ရှိထားတဲ့ သတင်းတွေအရ Apple ဟာ စမ်းသပ်ဆဲ Self-Driving Car ၅၅ စီး ရှိနေပြီလို့ ဆိုပါတယ်။ အခု Volkswagen နဲ့ ပူးပေါင်းတဲ့ သတင်းကို Apple ကအတည်မပြုသေးပါဘူး။ ဒါ့အပြင် Volkswagen ဟာ Apple ရဲ့ Self-Driving Car ထုတ်လုပ်ရေးအတွက် ဦးစားပေး မဟုတ်ခဲ့ပါဘူး။ BMW ၊ Mercedes-Benz ၊ Nissan ၊ Chinese Automaker BYD Auto နဲ့ British Automaker MacLaren တို့ နဲ့အရင် ဆက်သွယ်ခဲ့ပါတယ်။ ဒါ့အပြင် BMW ၊ Mercedes-Benz နဲ့ လက်ရှိ Partner ဖြစ်တဲ့ Volkswagen တို့မှာလည်း သူတို့ ကိုယ်ပိုင် Self-Driving Car ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

Source: Techradar

Self-Driving Car နဲ့ပတ်သက်ပြီး Apple ဟာ ဘယ်သတင်းကိုမှ အတည်ပြု ပြောကြားထားတာ မရှိပါဘူး။ တကယ်လို့ Apple ကသာ Self-Driving ကားကို တခြားကား ကုမ္ပဏီတွေထက် အရင် ထုတ်လုပ်နိုင်ခဲ့ရင် ကားလောကမှာတော့ အနည်းငယ် ဂယက်ထသွားမှာပါ။ ဒီသတင်အပေါ် ပရိတ်သက်ကြီးရဲ့ အမြင်ကိုလည်း ဝင်ဆွေးနွေးပေးသွားပါဦး။