Apple က MacBook တွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက ယခင် ပုံမှန် Laptop တွေမှာ ပါဝင်နေကြ Function Keys တွေနေရာမှာ Touch Bar ကို MacBook Pro တွေမှာ အသုံးပြုလာခဲ့ပြီးတော့ Keyboard မှာ ပါဝင်နေကြ Function Keys တွေဟာမလိုအပ်ဘူးဆိုတာကို သက်သေပြခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ အဆိုပါ Touch Bar ဟာ လက်ရှိအချိန်မှာ အသုံးဝင်တဲ့အရာတစ်ခုဖြစ်လာပြီးတော့ MacBook Pro ဝယ်ယူမယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်အရာတစ်ခုဖြစ်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Apple ဟာ အခု MacBook တွေရဲ့ Touch Bar Concept ကို မတူညီတဲ့နည်းတစ်နည်းနဲ့ အသုံးပြုလာတော့မှာပါ။

အဲ့ဒါကတော့ Apple ကနေ နောက်ပိုင်း MacBook တွေမှာ Keyboard နေရာတစ်ခုလုံးကို OLED Screen နဲ့ အစားထိုးနိုင်မယ့် မူပိုင်ခွင့်တစ်ခုကို တင်သွင်းလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ MacBook တွေက Display ၂ ခုဖြစ်သွားမှာလို့တောင်ပြောလို့ရပါတယ်။

အခုလိုမျိုး Keyboard နေရာမှာ OLED Display ကို အစားထိုးဖို့ ကြိုးစားနေတာက အချို့သောအသုံးပြုသူတွေအတွက်ကတော့ သဘောကျတဲ့ပုံစံမပေါ်ပါဘူး။ အခုလိုမျိုး Screen ၂ ခုကို အသုံးပြုတာက လက်ရှိ Apple ကနေ အသုံးပြုနေတဲ့ Butterfly Mechanism Keyboard ထက်ပိုပြီးကောင်းနိုင်ပါ့မလားဆိုတာကို မသိနိုင်သေးသလို လက်ရှိအသုံးပြုနေတဲ့ပုံစံကိုပါ ပြောင်းလဲရဖို့ရှိနေပါတယ်။

ဒါပေမယ့်လည်း Apple ဟာ OLED Display ကို Keyboard တစ်ခုလိုမျိုး ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပေမယ့် တကယ့် Keyboard တစ်ခုလိုမျိုး စာရိုက်ရတဲ့ခံစားမှုရရှိအောင်လည်း Haptic Feedback ရရှိအောင်ဆောင်ရွက်နိုင်တဲ့အတွက် အခု Apple က ရယူလိုက်တဲ့ မူပိုင်ခွင့်ဟာ ဒီနှစ်မှာထွက်ရှိလာမယ့် MacBook Pro 2018 မှာ တွေ့လာရမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရတော့မှာပါ။

Apple MacBook တွေရဲ့ Keyboard က Display တစ်ခုပဲဖြစ်သွားမယ်ဆိုရင်တော့ အဲ့ဒါက နောက်ထပ်တစ်ကြိမ် Laptop တွေအတွက် အကြီးအကျယ်ပြောင်းလဲမှုတစ်ခုဖြစ်လာတော့မှာပါ။