Realm Defense

Realm Defense က အခုမှ တာဝါတွေ ဆောက်ပြီး ဆော့တတ်တဲ့ Beginner အပျော်တမ်းအဆင့်အတွက်လည်း ဆော့လို့လွယ်တဲ့ ဂိမ်းမျိုးပါ။ ဒါပေမယ့် Red Alert တို့လို ကနေ Tower တာဝါ ဂိမ်းမှန်သမျှ ဆော့ပြီး ကျွမ်းကျင်အဆင့် ရှိတဲ့သူတွေကလည်း စိတ်ဝင်တစားဆော့ကစားနိုင်အောင် ဖန်တီးပေးထားပါတယ်။

တခြား Tower (တာဝါ) ဆောက်ပြီး တိုက်တဲ့ ဂိမ်းတွေလိုလည်း ဂိမ်းရဲ့ ပိုက်ဆံတွေ တိုးလာဖို့ ကိုယ်ပိုင် ပိုက်ဆံ အများကြီး သုံးစရာမလိုပါဘူး။ အချိန်များများနဲ့ စိတ်ရှည်ရှည် ဆော့လေလေ ပိုက်ဆံ မကုန်လေပါဘဲ။

အခမဲ့ ဆော့ကစားနိုင်ပြီး ဖိုင်အရွယ်အစားက 70 MB လောက်ရှိပါတယ်။ Android Version 4.0.3 အထက် ဖုန်းတွေမှာ ကစားနိုင်ပါတယ်။

Shadow Fight 2

Shadow Fight 2 က ၂၀၁၇ ခုနှစ်မှာဆိုရင် လူတွေအများကြီး ဒေါင်းလုခ်ဆွဲပြီး ကစားကြတဲ့ ဂိမ်းမျိုးပါ။ သန်း ၁၀၀ ကျော်လောက် Download ဆွဲခဲ့ပြီး ဖြစ်ပါတယ်။ Offline နဲ့လည်း ဆော့လို့ရတာကြောင့် ကိုယ်တစ်ယောက်တည်း အဆင့်တွေအများကြီး အေးဆေး ဆော့ကစားလို့ရပါတယ်။ အခမဲ့ ဒေါင်းလုပ်ခ်ဆွဲပြီး ကစားနိုင်ကာ ဖိုင်အရွယ်အစားကလည်း 135 MB ဘဲ ရှိပါတယ်။ Shadow Fight 2 ရဲ့ Version က 1.9.28 ဖြစ်ပြီး Android 3 အထက်ဖုန်းတွေနဲ့ ဆော့လို့ရပါတယ်။

Doodle Bowling

Doodle Bowling ဂိမ်းဟာ Offline ဂိမ်းဖြစ်တာကြောင့် ဖုန်းထဲမှာ ထည့်ပြီး ဆော့လို့ရပါတယ်။ ခက်ခဲ နက်နဲတဲ့ ဂိမ်းမျိုးမဟုတ်ပေမယ့် မိနစ်ပိုင်းလေး စိတ်အပန်းပြေဖို့ ဖုန်းထဲမှာဘဲ အလွယ်တကူ ဆော့ကစားလို့ရတဲ့ ဂိမ်းမျိုးပါ။

HD Graphic ဂိမ်းမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ခဲတံနဲ့ ဖန်တီးရေးဆွဲထားတဲ့ ဂိမ်းပုံစံမျိုးလေးပါ။ သင့်ကို စွဲလမ်းစေတဲ့ ဂိမ်းမျိုးမဟုတ်ဘဲ အလုပ်ကနေ ခဏ ငြီးငွေ့တဲ့အခါ ၁၅ မိနစ်လောက် ဆော့လို့ရတဲ့ ဂိမ်းမျိုးလေးပါ။

အခမဲ့ ဒေါင်းလုခ် (Download) ဆွဲလို့ရပြီး Version ၂ ဖြစ်ပြီး ဖိုင် အရွယ်အစားက 126 MB ရှိပါတယ်။ Android 2.3.3 နဲ့ အထက် ဖုန်းတွေမှာ ကစားလို့ရပါတယ်။