Google Chrome Fan တွေတော်တော်များများ စိတ်ညစ်စရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ Google Chrome Update မှာပါလာတဲ့ Error တစ်ခုကြောင့်ပါ။

Google Chrome နောက်ဆုံး Update မှာ Website တော်တော်များများမှာ တွေ့ရတတ်တဲ့ Autoplay Video တွေကို အလိုအလျောက်ပိတ်ပေးတဲ့ Feature သစ်ပါလာပါတယ်။ အဲ့ဒီ Feature ကြောင့် Website တွေက စိတ်ပျက်စရာကောင်းတဲ့ Autoplay Video တွေကို ပိတ်ပေးသွားတာကြောင့် ကောင်းတဲ့ Feature တစ်ခုလို့ပြောလို့ရပါတယ်။

ဒါပေမယ့် ဒီ Feature ရဲ့နောက်ကွယ်မှာ Bug တစ်ခုပါလာပါတယ်။ အဲ့ဒီ Bug ကြောင့် အခြားနေရာတွေမှာပါ အသံမထွက်ပဲဖြစ်သွားပါတယ်။ အဆိုးဆုံးကတော့ Web-based Game တွေကို ကစားတဲ့အခါ ရုပ်ပဲမြင်ရပြီး အသံကလုံးဝမကြားရတော့ပါဘူး။

Game မဟုတ်တဲ့ အခြား Website တွေမှာပါတဲ့ Audio အချို့လည်း အသံမကြားရတာမျိုးတွေဖြစ်လာတာကြောင့် Chrome အသုံးပြုသူတော်တော်များများ ဒေါသထွက်နေကြပါတယ်။ Twitter မှာလည်း Chrome အသစ်နဲ့ပတ်သက်တဲ့ Tweet တွေ တော်တော်လေးများသွားခဲ့သလို Chrome နဲ့ Game ဆော့သူတွေကြားမှာပို ပြီးအပြောများနေတဲ့ ပြဿနာတစ်ခုဖြစ်သွားခဲ့ပါတယ်။ Google အနေနဲ့တော့ အခုလိုဖြစ်တာကို မကြာခင်မှာ Update ထပ်ထုတ်ပေးပြီး Error ကိုရှင်းပေးသွားမယ်လို့ ယူဆရပါတယ်။