မကြာသေးမီ အချိန်က Honor အိန္ဒိယ အနေနဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ စမတ်ဖုန်း အမျိုးအစားသစ် တစ်ခုကို မိတ်ဆက် ပေးသွားမှာ ဖြစ်တဲ့ အကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ ကျွမ်းကျင် ပညာရှင်များကတော့ ပြီးခဲ့တဲ့လ က တရုတ်ပြည်မှာ မိတ်ဆက်သွားခဲ့တဲ့ Honor 9i ကို အနည်းငယ် ပြုပြင် ပြောင်းလဲထားတဲ့ Honor 9X စမတ်ဖုန်း ကို မိတ်ဆက် လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ Honor အိန္ဒိယ အနေနဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ မိတ်ဆက် သွားမယ့် စမတ်ဖုန်း အမျိုးအစား အသစ်ရဲ့ နာမည်ကို ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ Honor 9N ပဲ ဖြစ်ပါတယ်။

Honor 9N ရဲ့ Specifications တွေကတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တဲ့ Honor 9i ရဲ့ Specifications တွေ တူညီမှာ ဖြစ်ပြီး နာမည်သာ ကွဲပြား ခြားနားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Honor 9N မှာ ၅.၈၄ လက်မ အရွယ်အစားရှိ FULL HD+ (2280 x 1080 Pixels) Resolution LCD Display ကို အသုံးပြုသွားမှာ ဖြစ်ပြီး Notch Design နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Huawei ရဲ့ ကိုယ်တိုင်ထုတ် Processor Kirin 659 SoC ကို အသုံးပြုထားပြီး RAM 4GB ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Storage အနေနဲ့ 64GB, 128GB စတဲ့ မော်ဒယ် နှစ်မျိုး အဖြစ် ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး microSD Card Slot ပါဝင်မှာ ဖြစ်တာကြောင့် Storage Space မလုံလောက် မှာကိုလည်း စိတ်ပူနေစရာ လိုအပ်မှာ မဟုတ်ပါဘူး။

Honor 9N မှာ Selfie ပိုင်း အတွက် 16MP Sensor ကို အသုံးပြုလာနိုင်ပြီး၊ Rear Camera အနေနဲ့ 13 MP + 2MP Dual Camera Setup ကို အသုံးပြုထားပါတယ်။ ဘက်ထရီ အနေနဲ့ 3000 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပြီး Android Oreo ကို အခြေခံထားတဲ့ EMUI 8.0 ကို Honor 9N မှာ အသုံးပြု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Honor 9N မှာ Rear Panel အတွက် Glass Back ကို အသုံးပြုထားပြီး Fingerprint Reader ကို ဖုန်းရဲ့ ကျောဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Honor 9N ကို Blue, Purple စတဲ့ အရောင်နှစ်မျိုး အနေနဲ့ မိတ်ဆက် သွားနိုင်ပြီး 64 GB မော်ဒယ်ကို ကန်ဒေါ်လာ ၂၀၉ ဒေါ်လာ (မြန်မာငွေ ၃သိန်း ဝန်းကျင်)၊ 128GB မော်ဒယ် ကို ကန်ဒေါ်လာ ၂၅၄ ဒေါ်လာ (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) နဲ့ ရောင်းချ လာနိုင်ပါတယ်။

REF: Gizmo China