Windows ကွန်ပျူတာကို အသုံးပြုနေတဲ့သူအများစုက ကိုယ့် ကွန်ပျူတာ Windows ကို Update ပြုလုပ်ရမယ်ဆိုတာ များသောအားဖြင့်မသိကြပါဘူး။ Windows ဟာဆိုရင် အခုအချိန်မှာ Timeline Feature အသစ်အပါအဝင် အခြားသော Features အသစ်တွေ အများအပြားပါဝင်လာတဲ့ Windows 10 April 2018 Update အထိ ရှိနေပြီပဲဖြစ်ပါတယ်။

အခု Windows 10 April 2018 Update မှာ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်းမှာ အသုံးပြုခဲ့တဲ့ Application တွေရဲ့ History တွေနဲ့ ကိုယ်အသုံးပြုခဲ့တဲ့ Web Pages တွေကို ပြန်ကြည့်နိုင်တဲ့ Windows Timeline Feature ကအဓိကအနေနဲ့ ပါဝင်ပြီးတော့ Microsoft Edge မှာလည်း Mute Tab ပြုလုပ်နိုင်သလို၊ Files တွေကို နီးစပ်ရာ ကွန်ပျူတာတွေကို Share ပေးနိုင်တဲ့ Nearby Sharing Feature ၊ Quiet Hours ကနေ ပြောင်းလဲလာတဲ့ ဂိမ်းဆော့နေတဲ့အချိန်၊ Screen ကို Project လုပ်နေတဲ့အချိန်မှာ Notifications တွေကို ပိတ်ထားနိုင်တဲ့ Focus Assist Features တွေလည်း အသစ်ပါဝင်လာတာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပဲ Windows 10 April 2018 Update က အရင်က ကြုံနေရတဲ့ Errors နဲ့ Bugs တွေကိုလည်း ဖြေရှင်းထားပေးတယ်လို့ သိရပါတယ်။ Windows Update လုပ်လိုက်ရင် Activate ပျောက်သွားမယ်တို့၊ License Windows တွေပဲ Update လုပ်လို့ရတာမျိုးမဟုတ်တဲ့အတွက် Windows Update က အင်တာနက်အဆင်ပြေတဲ့သူတိုင်း Update ပြုလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

အခုလိုမျိုး Windows 10 April 2018 Update ကို Download ရယူချင်တယ်ဆိုရင်တော့ Setting – Updates မှာ Check For Update ကနေ စစ်ဆေးနိုင်သလို မရသေးဘူးဆိုရင်လည်း အခုနည်းနဲ့ Manual Download ရယူနိုင်မှာဖြစ်ပါတယ်။

– Microsoft Website ကနေ Update Assistant ကို Download ရယူပါ
– အဆိုပါ Update Assistant ကို ကွန်ပျူတာမှာ Run ပါ။
– Update Now ကို နှိပ်လိုက်ပြီး Windows 10 April 2018 Update ကို Download ရယူနိုင်ပြီဖြစ်ပါတယ်။

တကယ်လို့ အခု Windows 10 April 2018 Update ကို ISO File အနေနဲ့ Download ရယူထားချင်တယ်ဆိုရင်တော့ Microsoft Website ကနေ Media Creation Tool ကို Download ရယူပြီးတော သိမ်းထားနိုင်မှာဖြစ်ပါတယ်။