Huawei ကနေ အခုအချိန်မှာ အလန်းစား Mid Range ဖုန်းတစ်ခုဖြစ်လာမယ့်အပြင် Huawei ရဲ့ Nova Series စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့် Huawei Nova 3 စမတ်ဖုန်းကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြေညာလိုက်မယ်ဆိုတာကို တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ အခု Huawei Nova 3 စမတ်ဖုန်းအပြင် Smartwatch အသစ်တစ်ခုကိုပါ လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြေညာသွားတော့မှာဖြစ်ပါတယ်။ အခု သတင်းကို Huawei ကနေ သူရဲ့ Weibo Account မှာ တင်ထားခဲ့ပြီးတော့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခု Huawei ရဲ့ Smartwatch အသစ်က Huawei TalkBand B5 လို့ နာမည်ပေးထားပြီးတော့ အဆိုပါ Smartwatch က ဖုန်းလည်း ပြောလို့ရမှာဖြစ်ပါတယ်။ ဖုန်းပြောဆိုရင်လည်း စတိုင်ကျကျနဲ့ နာရီရဲ့ Display ကို ဆွဲထုတ်လိုက်တာနဲ့ TalkBand B5 မှာ Earpiece ပါဝင်ပြီး ဖြစ်တဲ့အတွက် ဖုန်းတစ်ခါတည်းပြောရုံပါပဲ။

အခု Huawei ရဲ့ Earpiece ကို ထည့်သွင်းထားတဲ့ TalkBand ကို Huawei ကနေ TalkBand B5 လို့ နာမည်ပေးထားပြီးတော့ လက်ရှိအချိန်မှာ နာမည်ကြီး Leaks တွေထုတ်ပေးနေကြ Evan Blass ကနေ အခု Huawei TalkBand B5 ရဲ့ ဓါတ်ပုံကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အခု ဓါတ်ပုံအရ Huawei ဟာ အခု TalkBand B5 ကို Metal Body Casing ၊ Leather ကြိုးတွေနဲ့ ပြုလုပ်ထားပြီးတော့ ထူးခြားချက်အနေနဲ့ ဖုန်းပြောချင်ရင် Display က Earpiece အနေနဲ့ပါ ထုတ်ပြီးတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Smartwatch တွေမှာ ဖုန်းပြောလို့ မရနိုင်တာနဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာကို အားသာချက်ရှိနေမှာဖြစ်ပါတယ်။

အခု Huawei TalkBand B5 ဟာ Display အနေနဲ့ Color Display ကို အသုံးပြုလာမှာဖြစ်သလို ပိုပြီးလည်း အရွယ်အစားကြီးလာမယ်လို့ ယူဆရပါတယ်။ အခု Huawei TalkBand B5 Smartwatch က ဖုန်းပြောဖို့အပြင် အခြားသော Features တွေအများကြီးလည်း ပါဝင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင်ကထွက်ရှိထားတဲ့ TalkBand B3 ထက် ပိုပြီး သိသိသာသာ အားသာလာမှာပါ။

အခု Huawei TalkBand B5 Smartwatch ကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။