Zawgyi

MIUI 10 Global ကို ဒီႏွစ္ ဇြန္လက စတင္ထုတ္ေပးခဲ့တာျဖစ္ျပီး MIUI ဗားရွင္းေတြထဲမွာ အသြင္အျပင္ပိုင္းေျပာင္းလဲမွုအမ်ားဆံုး Update တစ္ခုျဖစ္ခဲ့ပါတယ္။ ဖုန္းေတြကို ပိုမိုမိုျမန္ဆန္လာေစျပီး Full Screen Gesture နဲ႔အတူ Recent App UI အသစ္က အရမ္းကိုလွပျပီး အသံုးဝင္လာပါတယ္။ MIUI 10 China Stable က အရင္ဦးစြာထြက္ေပၚလာျပီး Global ဗားရွင္းေတြကေတာ့ တစ္ျဖည္းျဖည္းခ်င္းစီ ထြက္ရွိလာပါျပီ။ အခုေတာ့ MI 8 Pro နဲ႔ Mi 8 Lite တို႔အတြက္ပါ MIUI 10 Global Stable Update ထြက္ရွိလို႔လာပါျပီ။

Mi 8 Pro မွာ Mi 8 လိုပဲ Snapdragon 845 SoC ကိုတပ္ဆင္ေပးထားျပီး Mi 8 နဲ႔အကုန္အတူတူပဲ ျဖစ္ပါတယ္။ ကြာျခားခ်က္ကေတာ့ In-Display Fingerprint Scanner ပါလာတာပဲျဖစ္ျပီး တရုတ္ဗားရွင္း Mi 8 Pro ကို Mi 8 UD (Under Display) လို႔နာမည္ေပးထားပါတယ္။ Mi 8 Lite ကေတာ့ Mid-range ဖုန္းတစ္လံုးျဖစ္ျပီး Mi 8 Series ထဲကိုထည့္သြင္းထားတဲ့အတြက္ တစ္ျခား Series ေတြထက္ အရည္အေသြးပိုေကာင္းတယ္လို႔ေျပာႏိုင္ပါတယ္။ Mi 8 Lite မွာ Mid-range SoC ထဲမွာမွ အေကာင္းဆံုးလို႔ ေျပာလို႔ရတဲ့ Snapdragon 660 ကိုအသံုးျပဳေပးထားျပီး သူ႔ထက္ေကာင္းတာဆိုလို႔ Snapdragon 710 ပဲက်န္ပါေတာ့တယ္။ ဒါေပမယ့္ Snapdragon 710 က Mid-range မက် Premium မက်မို႔ Mid-range စာရင္းထဲေတာ့ ထည့္လို႔မရပါဘူး။

အခု MIUI 10 Update ကိုရခ်င္ရင္ေတာ့ MIUI Update ထဲကေန OTA ရမရစစ္ၾကည့္ပါ။ OTA ရရင္ေတာ့ OTA အေနနဲ႔ ေအးေဆးေဒါင္းႏိုင္ျပီး File Size ကေတာ့ 1.2 ကေန 1.5GB ထိရွိႏိုင္ျပီး အဲ့ထက္လည္း နဲႏိုင္ပါတယ္။ Bootloader Unlock လုပ္ထားရင္ေတာ့ OTA ရဖို႔မေသခ်ာပဲ MIUI Official Site ကေန Full ROM ေဒါင္းျပီး TWRP ကေန သြင္းႏိုင္ပါတယ္။ Bootloader Unlock မလုပ္ထားတဲ့ Global သမားေတြလည္း OTA မေစာင့္ႏိုင္ရင္ MIUI Official Site ကေန Full ROM ေဒါင္းျပီး MIUI Updater App ထဲဝင္က Local Update ေရြးျပီး သြင္းႏိုင္ပါတယ္။

Ref: XDA

Unicode

MIUI 10 Global ကို ဒီနှစ် ဇွန်လက စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး MIUI ဗားရှင်းတွေထဲမှာ အသွင်အပြင်ပိုင်းပြောင်းလဲမှုအများဆုံး Update တစ်ခုဖြစ်ခဲ့ပါတယ်။ ဖုန်းတွေကို ပိုမိုမိုမြန်ဆန်လာစေပြီး Full Screen Gesture နဲ့အတူ Recent App UI အသစ်က အရမ်းကိုလှပပြီး အသုံးဝင်လာပါတယ်။ MIUI 10 China Stable က အရင်ဦးစွာထွက်ပေါ်လာပြီး Global ဗားရှင်းတွေကတော့ တစ်ဖြည်းဖြည်းချင်းစီ ထွက်ရှိလာပါပြီ။ အခုတော့ MI 8 Pro နဲ့ Mi 8 Lite တို့အတွက်ပါ MIUI 10 Global Stable Update ထွက်ရှိလို့လာပါပြီ။

Mi 8 Pro မှာ Mi 8 လိုပဲ Snapdragon 845 SoC ကိုတပ်ဆင်ပေးထားပြီး Mi 8 နဲ့အကုန်အတူတူပဲ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ In-Display Fingerprint Scanner ပါလာတာပဲဖြစ်ပြီး တရုတ်ဗားရှင်း Mi 8 Pro ကို Mi 8 UD (Under Display) လို့နာမည်ပေးထားပါတယ်။ Mi 8 Lite ကတော့ Mid-range ဖုန်းတစ်လုံးဖြစ်ပြီး Mi 8 Series ထဲကိုထည့်သွင်းထားတဲ့အတွက် တစ်ခြား Series တွေထက် အရည်အသွေးပိုကောင်းတယ်လို့ပြောနိုင်ပါတယ်။ Mi 8 Lite မှာ Mid-range SoC ထဲမှာမှ အကောင်းဆုံးလို့ ပြောလို့ရတဲ့ Snapdragon 660 ကိုအသုံးပြုပေးထားပြီး သူ့ထက်ကောင်းတာဆိုလို့ Snapdragon 710 ပဲကျန်ပါတော့တယ်။ ဒါပေမယ့် Snapdragon 710 က Mid-range မကျ Premium မကျမို့ Mid-range စာရင်းထဲတော့ ထည့်လို့မရပါဘူး။

အခု MIUI 10 Update ကိုရချင်ရင်တော့ MIUI Update ထဲကနေ OTA ရမရစစ်ကြည့်ပါ။ OTA ရရင်တော့ OTA အနေနဲ့ အေးဆေးဒေါင်းနိုင်ပြီး File Size ကတော့ 1.2 ကနေ 1.5GB ထိရှိနိုင်ပြီး အဲ့ထက်လည်း နဲနိုင်ပါတယ်။ Bootloader Unlock လုပ်ထားရင်တော့ OTA ရဖို့မသေချာပဲ MIUI Official Site ကနေ Full ROM ဒေါင်းပြီး TWRP ကနေ သွင်းနိုင်ပါတယ်။ Bootloader Unlock မလုပ်ထားတဲ့ Global သမားတွေလည်း OTA မစောင့်နိုင်ရင် MIUI Official Site ကနေ Full ROM ဒေါင်းပြီး MIUI Updater App ထဲဝင်က Local Update ရွေးပြီး သွင်းနိုင်ပါတယ်။

Ref: XDA