Motorola ဟာ ပြီးခဲ့တဲ့ IFA 2018 Event မှာ Motorola One နဲ့ One Power စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Motorola One စမတ်ဖုန်းတွေဟာ Pure Android ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဖြစ်ပြီးတော့ အခုအချိန်မှာတော့ Motorola ကနေ Pure Android မဟုတ်တဲ့ ZUI 4.0 UI နဲ့ Motorola P30 Note ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အခု Motorola P30 Note စမတ်ဖုန်းဟာ Motorola ကထွက်ရှိထားတဲ့ One Power စမတ်ဖုန်းနဲ့ ဆင်တူပြီးတော့ ဒီဇိုင်းပိုင်းလည်း ဆင်တူတာကိုတွေ့ရပါတယ်။

Motorola P30 Note ဟာ ယခင်က ထွက်ရှိထားတဲ့ P30 ဖုန်းလိုမျိုးပဲ Qualcomm Snapdragon 636 Processor ကို အသုံးပြုထားပြီး RAM ကို 4GB ဒါမှမဟုတ် 6GB ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Internal Storage အနေနဲ့ကတော့ 64GB ပဲပါဝင်မှာပါ။ ဒါပေမယ့် Storage ထပ်တိုးမယ့်သူတွေအတွက် MicroSD Card Slot လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Motorola P30 Note စမတ်ဖုန်းဟာ Display ပိုင်းအနေနဲ့ကတော့ 6.2″ LCD Display ကိုအသုံးပြုထားပြီးတော့ Resolution အနေနဲ့ Full HD+ ရှိမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 16MP + 5MP Camera ကိုတပ်ဆင်ထားပြီးတော့ Front Selfie Camera ကိုတော့ 12MP Camera တပ်ဆင်ထားတာဖြစ်ပါတယ်။

အခု Motorola P30 Note စမတ်ဖုန်းဟာ ယခင်တုန်းက Lenovo စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ ZUI 4.0 UI နဲ့ ဝင်ရောက်လာမှာဖြစ်ပြီးတော့ Battery ပိုင်းအနေနဲ့လည်း 5000mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ RAM 4GB Version က ဒေါ်လာ ၂၉၀ ဝန်းကျင်နဲ့ RAM 6GB Version က ဒေါ်လာ ၃၃၀ ဝန်းကျင်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။