Zawgyi

Android Nougat ကေန စလို႔ Multi-window ေခၚ Split Screen Feature ဟာ ေကာင္းသည္ထက္ ပိုကာင္းလာပါတယ္။ အခုေနာက္ထြက္မယ့္ Android Q မွာေတာ့ အဆိုပါ App ႏွစ္ခုျပိဳင္သံုးလို႔ရတဲ့ Split Screen Feature ကိုမွ လံုးဝ အၾကီးအက်ယ္ေျပာင္းလဲသြားေစႏိုင္တဲ့ Feature တစ္ခုနဲ႔ထပ္ျပီး အဆင့္ျမွင့္တင္ေပးထားပါတယ္။ Google ကေတာ့ အဆိုပါ Feature ကို “Multi Resume” လို႔ နာမည္ေပးထားပါတယ္။ Multi Resume ဆိုတဲ့ Feature ဟာ App ေတြကို Split Screen ခြဲျပီး အသံုးျပဳတဲ့အခါ App ႏွစ္ခုနဲ႔ အထက္ကို တစ္ျပိဳင္တည္း Run ေနေစမွာပါ။ အရင္ Nougat နဲ႔ Oreo တို႔မွာေတာ့ Split Screen အသံုးျပဳႏိုင္ေပမယ့္ ကိုယ္ Focus လုပ္ထားတဲ့ App ကပဲ Run ေနမွာျဖစ္ျပီး က်န္တဲ့ App ကိုေတာ့ ျမင္ရံုသာျမင္ရမွာျဖစ္ပါတယ္။ အခုလို Multi Resume Feature နဲ႔ အဆင့္ျမွင့္တင္ေပးလိုက္တဲ့အတြက္ Multitasking ေပၚမွီခိုေနရတဲ့ သူေတြအတြက္ အရမ္းအဆင္ေျပေစပါတယ္။

Samsung ဟာ အဆိုပါ Multi Resume Feature လိုမ်ိဳး Multistar ဆိုတဲ့ Feature ကို သူ႕ရဲ႕ Galaxy ဖုန္းတစ္ခ်ိဳ႕မွာ ထည့္သြင္းေပးထားျပီးျဖစ္ပါတယ္။ ဒါေပမယ့္ Google ကေန ထုတ္ေပးလိုပ္တဲ့ Multi Resume ကေတာ့ Android P နဲ႔ Q အသံုးျပဳေနသူ ဘယ္သူမဆို သံုးစြဲလို႔ရေတာ့မွာပါ။ Android Q မွာ တစ္ပါတည္း ပါဝင္လာမွာျဖစ္ေပမယ့္ Android P ေနာက္ထြက္ ဗားရွင္းေတြမွာလည္း အဆိုပါ Feature ကိုထည့္သြင္းေပးလာႏိုင္တယ္လို႔သိရပါတယ္။ အဆိုပါ Feature သာထြက္လာခဲ့ရင္ OnePlus တို႔လို Stock Android နီးပါး Software အသံုးျပဳထားတဲ့ ဖုန္းေတြမွာ အဆင္ေျပေျပသံုးႏိုင္မွာ ျဖစ္ေပမယ့္ Xiaomi, Huawei နဲ႔ Oppo တို႔လို ကိုယ္ပိုင္ Software ဒီဇိုင္းနဲ႔ ဖုန္းေတြကေတာ့ သူတို႔ရဲ႕ ဖုန္းေတြမွာ အဆိုပါ Feature ကို ေခ်ာေခ်ာေမြ႔ေမြ႔သံုးႏိုင္ဖို႔ အေတာ္ေလး ခ်ိန္ညွိေပးရမွာပါ။ ေလာေလာဆယ္ေတာ့ Android Q Update ဟာ ဘယ္ဆီေနမွန္း မသိေသးပဲ Android P Update ကိုေတာင္ Flagship ဖုန္းတိုင္း မရရွိေသးပါဘူး။

Ref: XDA

Unicode

Android Nougat ကနေ စလို့ Multi-window ခေါ် Split Screen Feature ဟာ ကောင်းသည်ထက် ပိုကာင်းလာပါတယ်။ အခုနောက်ထွက်မယ့် Android Q မှာတော့ အဆိုပါ App နှစ်ခုပြိုင်သုံးလို့ရတဲ့ Split Screen Feature ကိုမှ လုံးဝ အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တဲ့ Feature တစ်ခုနဲ့ထပ်ပြီး အဆင့်မြှင့်တင်ပေးထားပါတယ်။ Google ကတော့ အဆိုပါ Feature ကို “Multi Resume” လို့ နာမည်ပေးထားပါတယ်။ Multi Resume ဆိုတဲ့ Feature ဟာ App တွေကို Split Screen ခွဲပြီး အသုံးပြုတဲ့အခါ App နှစ်ခုနဲ့ အထက်ကို တစ်ပြိုင်တည်း Run နေစေမှာပါ။ အရင် Nougat နဲ့ Oreo တို့မှာတော့ Split Screen အသုံးပြုနိုင်ပေမယ့် ကိုယ် Focus လုပ်ထားတဲ့ App ကပဲ Run နေမှာဖြစ်ပြီး ကျန်တဲ့ App ကိုတော့ မြင်ရုံသာမြင်ရမှာဖြစ်ပါတယ်။ အခုလို Multi Resume Feature နဲ့ အဆင့်မြှင့်တင်ပေးလိုက်တဲ့အတွက် Multitasking ပေါ်မှီခိုနေရတဲ့ သူတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။

Samsung ဟာ အဆိုပါ Multi Resume Feature လိုမျိုး Multistar ဆိုတဲ့ Feature ကို သူ့ရဲ့ Galaxy ဖုန်းတစ်ချို့မှာ ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Google ကနေ ထုတ်ပေးလိုပ်တဲ့ Multi Resume ကတော့ Android P နဲ့ Q အသုံးပြုနေသူ ဘယ်သူမဆို သုံးစွဲလို့ရတော့မှာပါ။ Android Q မှာ တစ်ပါတည်း ပါဝင်လာမှာဖြစ်ပေမယ့် Android P နောက်ထွက် ဗားရှင်းတွေမှာလည်း အဆိုပါ Feature ကိုထည့်သွင်းပေးလာနိုင်တယ်လို့သိရပါတယ်။ အဆိုပါ Feature သာထွက်လာခဲ့ရင် OnePlus တို့လို Stock Android နီးပါး Software အသုံးပြုထားတဲ့ ဖုန်းတွေမှာ အဆင်ပြေပြေသုံးနိုင်မှာ ဖြစ်ပေမယ့် Xiaomi, Huawei နဲ့ Oppo တို့လို ကိုယ်ပိုင် Software ဒီဇိုင်းနဲ့ ဖုန်းတွေကတော့ သူတို့ရဲ့ ဖုန်းတွေမှာ အဆိုပါ Feature ကို ချောချောမွေ့မွေ့သုံးနိုင်ဖို့ အတော်လေး ချိန်ညှိပေးရမှာပါ။ လောလောဆယ်တော့ Android Q Update ဟာ ဘယ်ဆီနေမှန်း မသိသေးပဲ Android P Update ကိုတောင် Flagship ဖုန်းတိုင်း မရရှိသေးပါဘူး။

Ref: XDA