နာမည်ကြီး Gaming ကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer ကနေ Razer Blade 15 Laptop အသစ်ကို ထုတ်လုပ်လိုက်ပါတယ်

15.6″ Display ကို အသုံးပြုထားပြီး Screen ဘေးဘောင်တွေက 4.9mm ပဲရှိမှာဖြစ်ပြီး လက်ရှိ ဘေးဘောင်အသေးဆုံး Laptop ဖြစ်လာပါတယ် ။Display မှာတော့ 144Hz Full HD 100% sRGB ဒါမှမဟုတ် 60Hz 4K 100% AdobeRGB နှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာပါ

8th Gen Intel® Core™ i7-8750H 4.1GHz Processor ကို အသုံးပြုထားပြီး RAM 32GB နဲ့ SSD ကိုလည်း 512GB အထိ ရွေးချယ်နိုင်မှာပါ။ Graphic Card အနေနဲ့ 6GB Nvidia Geforce GTX 1060 Max-Q ဒါမှမဟုတ် 8GB GTX 1070 Max-Q တွေကို အသုံးပြုလာမှာပါ

အထူအနေနဲ့ 16.8mm ပဲရှိမှာဖြစ်ပြီးတော့ လက်ရှိအပါးလွှာဆုံး Gaming Laptop ဖြစ်လာသလို အလေးချိန်ကလည်း 2Kg ပဲရှိမှာပါ

Cooling System ကိုလည်း လက်ရှိအကောင်းဆုံးဖြစ်တဲ့ Vapor Chamber စနစ်ကို အသုံးပြုထားပါသေးတယ်။ Razer Blade 15 Laptop ရဲ့ဈေးနှုန်းကတော့ ၁၈၉၉ ဒေါ်လာ ကနေ ၂၈၉၉ ဒေါ်လာအထိ ရှိမှာဖြစ်ပြီး လာမယ့် ဇွန်လမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်