Zawgyi

အေမရိကန္ စမတ္ဖုန္းကုမၸဏီ Motorola ဟာ တစ္ျခား စမတ္ဖုန္းေတြနဲ႔ ကြဲျပားျခားနားတဲ့ ဖုန္းေတြထုတ္ေလ့ရွိတဲ့ ကုမၸဏီတစ္ခုျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ သူ႔ရဲ႕ Flagship Series ျဖစ္တဲ့ Moto Z Series က နာမည္သိပ္မၾကီးလာပဲ တန္ဖိုးနည္း Mid-range Series ျဖစ္တဲ့ Moto G ဖုန္းေတြက နာမည္အရမ္းရလာတာပါ။ Moto G ဖုန္းေတြဟာဆိုရင္ ေပးရတဲ့ ေစ်းနဲ႔ ျပန္ရတဲ့ အရည္အေသြးက အရမ္းေကာင္းမြန္တာ ေတြ႔ရပါတယ္။ အဲ့လို တန္ဖိုးနည္းျပီး အရည္အေသြးေကာင္းတယ္ဆိုေပမယ့္ Xiaomi ဖုန္းေတြေလာက္ေတာ့ ေစ်းမသက္သာပါဘူး။ ဒါေပမယ့္ Xiaomi ရဲ႕ Mid-range ဖုန္းေတြထက္ ၾကာရွည္သံုးစြဲႏိုင္စြမ္းကေတာ့ အမ်ားၾကီးပိုသာပါတယ္။ အရင္ Moto G5 နဲ႔ G6 တို႔ဟာဆိုရင္ Motorola ရဲ႕ လူၾကိဳက္အမ်ားဆံုးဖုန္းေတြျဖစ္ၾကျပီး Motorola ကုမၸဏီကလည္း Moto G Series ကို အမ်ားၾကီး အားထားေနပါတယ္။ အခုဆိုရင္ Moto G Series ရဲ႕ ေနာက္ထြက္မယ့္ Moto G7 ရဲ႕ ပံုရိပ္ေတြထြက္ေပၚလာပါျပီ။

ထင္ထားတဲ့ အတုိင္းပဲ Moto G7 နဲ႔ G7 Plus ဆိုျပီး ေမာ္ဒယ္ ႏွစ္မ်ိဳး ထုတ္လုပ္မွာျဖစ္ပါတယ္။ ပံုေတြအရဆိုရင္ Oppo ဖုန္းအသစ္ေတြလို Waterdrop ပံုစံ Notch ပါဝင္လာတာေတြ႔ရျပီး ဖုန္းတစ္ခုလံုးရဲ႕ ဒီဇိုင္း အေငြ႔အသက္ကေတာ့ မူလ Motorola ဒီဇိုင္းကေန ကြဲထြက္သြားျခင္းမရွိေသးပါဘူး။ Motorola လို ကိုယ္ပိုင္ ဒီဇိုင္းနဲ႔ပဲ ေရွ႕ဆက္သြားေနတဲ့ ကုမၸဏီတစ္ခုက အခုလို Trend ျဖစ္ေနတဲ့ Notch ဒီဇိုင္းဘက္လိုက္လာတာကေတာ့ Notch မုန္းတဲ့သူေတြအတြက္ သတင္းဆိုးတစ္ခုလိုျဖစ္လာပါျပီ။ မၾကာေသးခင္ကပဲ Samsung က Notch ပါတဲ့ဖုန္းေတြထုတ္ေတာမယ့္လို႔ သတင္းေတြထြက္ေနခဲ့ပါေသးတယ္။ Notch ကိုလံုးဝထည့္သြင္းမွာ မဟုတ္ေတာ့ဘူးလို႔ ထင္ရတဲ့ Meizu ကလည္း Notch ပါတဲ့ဖုန္းေတြထုတ္လာခဲ့ျပီး Notch မပါတဲ့ စမတ္ဖုန္းေတြရွာမယ္ဆို Sony နဲ႔ HTC တို႔ထဲကပဲ ေတြ႔ႏိုင္ေတာ့မွာပါ။ Samsung ကိုေတာင္ ယံုၾကည္လို႔မရေတာ့ပါဘူး။

အေပၚမွာေတြ႔ရတဲ့ အတုိင္း Moto G7 မွာ Waterdrop Notch အျပင္ Display ေအာက္ဘက္မွာ နည္းငယ္ၾကီးတဲ့ Chin ကိုပါေတြ႔ရျပီး ထူးျခားခ်က္ကေတာ့ အဆိုပါ Chin ေပၚမွာ Motorola Logo ကို ေဖာ္ျပထားတာပါ။ Moto G7 မွာ ေျခာက္လက္မ မ်က္ႏွာျပင္ပါဝင္ျပီး Full HD+ IPS LCD အမ်ိဳးအစားျဖစ္ျပီး Moto G7 Plus မွာေတာ့ ပိုမိုၾကီးမားတဲ့ ေျခာက္လက္မခြဲ နီးနီး အရြယ္အစားရွိ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားျပီး Resolution ကေတာ့ အတူတူပါပဲ။

အရြယ္အစားေသးတဲ့ Moto G7 မွာ Snapdragon 660 SoC နဲ႔ 4GB RAM, 64GB Storage နဲ႔ 3,500mAh ဘက္ထရီတို႔ကို တပ္ဆင္ေပးထားပါတယ္။ အရြယ္ပိုၾကီးတဲ့ Moto G7 Plus မွာေတာ့ စြမ္းေဆာင္ရည္ ပိုမိုျမင့္မားတဲ့ Snapdragon 710 SoC ကို 6GB RAM, 128GB Storage တို႔နဲ႔ အတူ Moto G7 မွာသံုးထားတဲ့ ဘက္ထရီ ထက္ပိုမိုၾကီးမားတဲ့ ဘက္ထရီကို အသံုးျပဳေပးထားမွာျဖစ္ျပီး ဘက္ထရီ ပမာဏ အတိအက်ကိုေတာ့ မသိရေသးပါဘူး။ အဆိုပါ ဖုန္း ႏွစ္လံုး စလံုးကို ေနာက္ႏွစ္ အေစာပိုင္း မွာစတင္မိတ္ဆက္ႏုိင္ျပီး Operating System အေနနဲ႔ Android Pie အေျခခံ Motorola ရဲ႕ ကိုယ္ပိုင္ Software ကိုထည့္သြင္း အသံုးျပဳေပးထားမွာျဖစ္ပါတယ္။

Ref: XDA

Unicode

အမေရိကန် စမတ်ဖုန်းကုမ္ပဏီ Motorola ဟာ တစ်ခြား စမတ်ဖုန်းတွေနဲ့ ကွဲပြားခြားနားတဲ့ ဖုန်းတွေထုတ်လေ့ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူ့ရဲ့ Flagship Series ဖြစ်တဲ့ Moto Z Series က နာမည်သိပ်မကြီးလာပဲ တန်ဖိုးနည်း Mid-range Series ဖြစ်တဲ့ Moto G ဖုန်းတွေက နာမည်အရမ်းရလာတာပါ။ Moto G ဖုန်းတွေဟာဆိုရင် ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ အရည်အသွေးက အရမ်းကောင်းမွန်တာ တွေ့ရပါတယ်။ အဲ့လို တန်ဖိုးနည်းပြီး အရည်အသွေးကောင်းတယ်ဆိုပေမယ့် Xiaomi ဖုန်းတွေလောက်တော့ ဈေးမသက်သာပါဘူး။ ဒါပေမယ့် Xiaomi ရဲ့ Mid-range ဖုန်းတွေထက် ကြာရှည်သုံးစွဲနိုင်စွမ်းကတော့ အများကြီးပိုသာပါတယ်။ အရင် Moto G5 နဲ့ G6 တို့ဟာဆိုရင် Motorola ရဲ့ လူကြိုက်အများဆုံးဖုန်းတွေဖြစ်ကြပြီး Motorola ကုမ္ပဏီကလည်း Moto G Series ကို အများကြီး အားထားနေပါတယ်။ အခုဆိုရင် Moto G Series ရဲ့ နောက်ထွက်မယ့် Moto G7 ရဲ့ ပုံရိပ်တွေထွက်ပေါ်လာပါပြီ။

ထင်ထားတဲ့ အတိုင်းပဲ Moto G7 နဲ့ G7 Plus ဆိုပြီး မော်ဒယ် နှစ်မျိုး ထုတ်လုပ်မှာဖြစ်ပါတယ်။ ပုံတွေအရဆိုရင် Oppo ဖုန်းအသစ်တွေလို Waterdrop ပုံစံ Notch ပါဝင်လာတာတွေ့ရပြီး ဖုန်းတစ်ခုလုံးရဲ့ ဒီဇိုင်း အငွေ့အသက်ကတော့ မူလ Motorola ဒီဇိုင်းကနေ ကွဲထွက်သွားခြင်းမရှိသေးပါဘူး။ Motorola လို ကိုယ်ပိုင် ဒီဇိုင်းနဲ့ပဲ ရှေ့ဆက်သွားနေတဲ့ ကုမ္ပဏီတစ်ခုက အခုလို Trend ဖြစ်နေတဲ့ Notch ဒီဇိုင်းဘက်လိုက်လာတာကတော့ Notch မုန်းတဲ့သူတွေအတွက် သတင်းဆိုးတစ်ခုလိုဖြစ်လာပါပြီ။ မကြာသေးခင်ကပဲ Samsung က Notch ပါတဲ့ဖုန်းတွေထုတ်တောမယ့်လို့ သတင်းတွေထွက်နေခဲ့ပါသေးတယ်။ Notch ကိုလုံးဝထည့်သွင်းမှာ မဟုတ်တော့ဘူးလို့ ထင်ရတဲ့ Meizu ကလည်း Notch ပါတဲ့ဖုန်းတွေထုတ်လာခဲ့ပြီး Notch မပါတဲ့ စမတ်ဖုန်းတွေရှာမယ်ဆို Sony နဲ့ HTC တို့ထဲကပဲ တွေ့နိုင်တော့မှာပါ။ Samsung ကိုတောင် ယုံကြည်လို့မရတော့ပါဘူး။

အပေါ်မှာတွေ့ရတဲ့ အတိုင်း Moto G7 မှာ Waterdrop Notch အပြင် Display အောက်ဘက်မှာ နည်းငယ်ကြီးတဲ့ Chin ကိုပါတွေ့ရပြီး ထူးခြားချက်ကတော့ အဆိုပါ Chin ပေါ်မှာ Motorola Logo ကို ဖော်ပြထားတာပါ။ Moto G7 မှာ ခြောက်လက်မ မျက်နှာပြင်ပါဝင်ပြီး Full HD+ IPS LCD အမျိုးအစားဖြစ်ပြီး Moto G7 Plus မှာတော့ ပိုမိုကြီးမားတဲ့ ခြောက်လက်မခွဲ နီးနီး အရွယ်အစားရှိ မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး Resolution ကတော့ အတူတူပါပဲ။

အရွယ်အစားသေးတဲ့ Moto G7 မှာ Snapdragon 660 SoC နဲ့ 4GB RAM, 64GB Storage နဲ့ 3,500mAh ဘက်ထရီတို့ကို တပ်ဆင်ပေးထားပါတယ်။ အရွယ်ပိုကြီးတဲ့ Moto G7 Plus မှာတော့ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ Snapdragon 710 SoC ကို 6GB RAM, 128GB Storage တို့နဲ့ အတူ Moto G7 မှာသုံးထားတဲ့ ဘက်ထရီ ထက်ပိုမိုကြီးမားတဲ့ ဘက်ထရီကို အသုံးပြုပေးထားမှာဖြစ်ပြီး ဘက်ထရီ ပမာဏ အတိအကျကိုတော့ မသိရသေးပါဘူး။ အဆိုပါ ဖုန်း နှစ်လုံး စလုံးကို နောက်နှစ် အစောပိုင်း မှာစတင်မိတ်ဆက်နိုင်ပြီး Operating System အနေနဲ့ Android Pie အခြေခံ Motorola ရဲ့ ကိုယ်ပိုင် Software ကိုထည့်သွင်း အသုံးပြုပေးထားမှာဖြစ်ပါတယ်။

Ref: XDA