မုိဘုိင္းထုတ္လုပ္သူေတြထဲမွာေတာ့ ZTE ရဲ႕ ကုမၸဏီခြဲအျဖစ္ စတင္လာခဲ့တဲ့ တရုတ္အေျခစုိက္ Nubia ကုမၸဏီဟာ ဆန္းဆန္းျပားျပား ပုံစံေတြ ၾကံစည္ေလ့ရွိသူတစ္ဦးပါ။ သူထုတ္လုပ္ခဲ့တဲ့ Gaming အသားေပး Red Magic နဲ႔ ဗန္ဂုိးဗားရွင္း Z18 တုိ႔ကို ၾကည့္ရင္ ဒီအခ်က္ကို သေဘာတူမိၾကပါလိမ့္မယ္။

မၾကာေသးခင္က ထြက္ေပၚလာခဲ့တဲ့ စကၠန္႔အနည္းငယ္ၾကာ ဗီဒီယုိတစ္ခုထဲမွာေတာ့ ပုံမွန္ထက္ကို ပုိထူးဆန္းတဲ့ အရာကို ျမင္ခဲ့ရျပီး ဟန္းဆက္အသစ္တစ္လုံးရဲ႕ ေက်ာဘက္မွာ ေနာက္ထပ္ Display Screen တစ္ခုကို တပ္ဆင္ထားတာပဲ ျဖစ္ပါတယ္။

အရင္က ထြက္ခဲ့ဖူးတဲ့ ဖုန္းေတြလို E-Ink မ်က္ႏွာျပင္သုံးစြဲထားတာမဟုတ္ဘဲ ကာလာစုံ OLED Panel တစ္ခုလုံးကို တပ္ဆင္ထားတာပါ။ တရုတ္မွတ္ပုံတင္ဆုိက္ျဖစ္တဲ့ TENAA မွအခ်က္အလက္အရ အဆုိပါ ဟန္းဆက္ဟာ Nubia NX616J ျဖစ္တယ္လို႔ သိရပါတယ္။

TENAA မွာေဖာ္ျပထားတဲ့အတုိင္းဆုိရင္ ဒီဟန္းဆက္အသစ္မွာ 6.26” လက္မ LCD Display တစ္ခုနဲ႔ 5.1” လက္မအရြယ္ OLED Display တစ္ခုပါရွိေနပါတယ္။ ဒုတိယ Display ဟာ 720x 1520p Resolution ေတာင္ ရွိေနတာျဖစ္ျပီး ငါးလက္မဆုိတဲ့ အရြယ္အစားက စမတ္ဖုန္းတစ္လုံးအတြက္ ေကာင္းေကာင္းအသုံးျပဳႏိုင္တဲ့ အရြယ္အစားလဲ ျဖစ္ပါတယ္။

ဒီဟန္းဆက္ကို Nubia Z18S အျဖစ္ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရျပီး Display တစ္ခု အပိုပါဝင္လာတဲ့ ဟန္းဆက္ဟာ ဘကၳရီကလည္း 3800mAh ပမာဏနဲ႔ ေတြ႕ရပါတယ္။ Snapdragon 845 Chipset သုံးစြဲထားတယ္လို႔ ထင္ရျပီး မန္မိုရီကေတာ့ 6GB RAM နဲ႔ 64 GB / 128 GB Storage ပါဝင္လာမွာပါ။ Android 8.1 Oreo ကုိ တစ္ပါတည္း ထည့္သြင္းလာမယ္လုိ႔ ယူဆရပါတယ္။

ဒါေပမယ့္ Leak ျဖစ္ျပီး ထြက္ေပၚခဲ့တဲ့ ဗီဒီယိုေတြမွာ ပါတဲ့အခ်က္ အခ်ဳိ႕နဲ႔ TENAA မွာေဖာ္ျပထားတဲ့ Spec ေတြက ကြဲျပားေနတာေတြ ရွိပါတယ္။ ယခင္ထြက္ေပၚခဲ့တဲ့ ပုံေတြမွာ ေက်ာဘက္မွာ Dual ကင္မရာပါခဲ့တာ သိာေပမယ့္ TENAA မွာေတာ့ 24MP ကင္မရာ တစ္လုံးထဲ ေက်ာဘက္မွာပါျပီး ဆယ္ဖီကင္မရာက 16MP ပါ။

အျပည့္အဝအသုံးျပဳႏုိင္တဲ့ Display ႏွစ္ခုနဲ႔ ဟန္းဆက္ဆုိတဲ့ အုိင္ဒီယာက ေတာ္ေတာ္ ၾကမ္းပါတယ္။ ဒါေပမယ့္ ေစ်းကြက္ထဲကို မိတ္ဆက္လာမယ့္ အခ်ိန္မွာ ဘယ္လိုတုန္႔ျပန္ၾကမလဲ ဆုိတာကိုေတာ့ ေစာင့္ၾကည့္ၾကရဦးမွာပါ။

Ref – GSM Arena

Unicode

စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာတော့ ZTE ရဲ့ ကုမ္ပဏီခွဲအဖြစ် စတင်လာခဲ့တဲ့ တရုတ်အခြေစိုက် Nubia ကုမ္ပဏီဟာ ဆန်းဆန်းပြားပြား ပုံစံတွေ ကြံစည်လေ့ရှိသူတစ်ဦးပါ။ သူထုတ်လုပ်ခဲ့တဲ့ Gaming အသားပေး Red Magic နဲ့ ဗန်ဂိုးဗားရှင်း Z18 တို့ကို ကြည့်ရင် ဒီအချက်ကို သဘောတူမိကြပါလိမ့်မယ်။

မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ စက္ကန့်အနည်းငယ်ကြာ ဗီဒီယိုတစ်ခုထဲမှာတော့ ပုံမှန်ထက်ကို ပိုထူးဆန်းတဲ့ အရာကို မြင်ခဲ့ရပြီး ဟန်းဆက်အသစ်တစ်လုံးရဲ့ ကျောဘက်မှာ နောက်ထပ် Display Screen တစ်ခုကို တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

အရင်က ထွက်ခဲ့ဖူးတဲ့ ဖုန်းတွေလို E-Ink မျက်နှာပြင်သုံးစွဲထားတာမဟုတ်ဘဲ ကာလာစုံ OLED Panel တစ်ခုလုံးကို တပ်ဆင်ထားတာပါ။ တရုတ်မှတ်ပုံတင်ဆိုက်ဖြစ်တဲ့ TENAA မှအချက်အလက်အရ အဆိုပါ ဟန်းဆက်ဟာ Nubia NX616J ဖြစ်တယ်လို့ သိရပါတယ်။

TENAA မှာဖော်ပြထားတဲ့အတိုင်းဆိုရင် ဒီဟန်းဆက်အသစ်မှာ 6.26” လက်မ LCD Display တစ်ခုနဲ့ 5.1” လက်မအရွယ် OLED Display တစ်ခုပါရှိနေပါတယ်။ ဒုတိယ Display ဟာ 720x 1520p Resolution တောင် ရှိနေတာဖြစ်ပြီး ငါးလက်မဆိုတဲ့ အရွယ်အစားက စမတ်ဖုန်းတစ်လုံးအတွက် ကောင်းကောင်းအသုံးပြုနိုင်တဲ့ အရွယ်အစားလဲ ဖြစ်ပါတယ်။

ဒီဟန်းဆက်ကို Nubia Z18S အဖြစ် မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပြီး Display တစ်ခု အပိုပါဝင်လာတဲ့ ဟန်းဆက်ဟာ ဘက္ထရီကလည်း 3800mAh ပမာဏနဲ့ တွေ့ရပါတယ်။ Snapdragon 845 Chipset သုံးစွဲထားတယ်လို့ ထင်ရပြီး မန်မိုရီကတော့ 6GB RAM နဲ့ 64 GB / 128 GB Storage ပါဝင်လာမှာပါ။ Android 8.1 Oreo ကို တစ်ပါတည်း ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် Leak ဖြစ်ပြီး ထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုတွေမှာ ပါတဲ့အချက် အချို့နဲ့ TENAA မှာဖော်ပြထားတဲ့ Spec တွေက ကွဲပြားနေတာတွေ ရှိပါတယ်။ ယခင်ထွက်ပေါ်ခဲ့တဲ့ ပုံတွေမှာ ကျောဘက်မှာ Dual ကင်မရာပါခဲ့တာ သိာပေမယ့် TENAA မှာတော့ 24MP ကင်မရာ တစ်လုံးထဲ ကျောဘက်မှာပါပြီး ဆယ်ဖီကင်မရာက 16MP ပါ။

အပြည့်အဝအသုံးပြုနိုင်တဲ့ Display နှစ်ခုနဲ့ ဟန်းဆက်ဆိုတဲ့ အိုင်ဒီယာက တော်တော် ကြမ်းပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲကို မိတ်ဆက်လာမယ့် အချိန်မှာ ဘယ်လိုတုန့်ပြန်ကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။

Ref – GSM Arena