Fortnite ဟာ Player တွေကို Jetpack တွေ Marry Poppins Umbrella တွေ ပေးထားရုံနဲ့ အားမရတဲ့ အတွက် အသစ်အဆန်း တစ်ခုခု လုပ်ပြမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Epic Games Developers တွေဟာ Game ရဲ့ Upcoming Item တွေအတွက် Tease လုပ်ထားတဲ့ အထဲမှာ Player တွေကို Shopping Cart တွေပေးထားပြီး အဆိုပါ Shopping Cart တွေဟာ Player တွေကို “Roll into Battle alone or with a Buddy” ဆိုပြီး ရွေးချယ်ခွင့် ပေးထားမှာ ဖြစ်ပါတယ်။

Source: TechRadar.com

Tease ထားတာကိုကြည့်ပြီး ပြောရမယ်ဆိုရင် Shopping Cart တွေဟာ တကယ် ဝင်စီးလို့ရတဲ့ Vehicle တွေ ဖြစ်နေနိုင်ပါတယ်။ မျှော်လင့်ထားကြတဲ့ Tank တွေ 4×4 Armored Truck တွေတော့ မဟုတ်တော့ဘူးပေါ့။ လောလောဆယ်အထိတော့ Game ထဲမှာ ဒီ Shopping Cart တွေ ဘယ်လိုပါလာမလဲ ၊ ဘယ်လိုရှာတွေ့မှာလဲ ၊ ဘယ်လောက်ကြာကြာ သုံးလို့ရမှာလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

Fortnite ကတော့ Gamer တွေကို ထူးခြားတာထက် ပိုပြီး ဆန်းပြားတဲ့ Item တွေကို သုံးပြီး တိုက်ပွဲဝင်စေချင်ပုံ ပေါ်ပါတယ်။ Shopping Cart တွေကို စီးပြီးတိုက်ပွဲဝင်ရမှာဆိုတော့ နည်းနည်းတောင် စိတ်လှုပ်ရှားမိသွားတယ်။ ပရိတ်သတ်ကြီးရော Shopping Cart တွေစီးပြီး တိုက်ပွဲဝင်ရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမယ်ထင်လဲ။ နည်းနည်းလောက် ဝင်ဆွေးနွေးပေး သွားပါဦး။